News

POST TYPE

NEWS

နိုင်ငံရပ်ခြားမှပြန်လာသူများ နေအိမ်တွင်းသီးခြားနေထိုင်ရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူမည်
26-Mar-2020


 မုံရွာ မတ် ၂၆

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ကနီမြို့နယ်တို့တွင် ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေးအတွက် နိုင်ငံရပ်ခြားမှပြန်လာသူများ နေအိမ်တွင်းသီးခြားနေထိုင်ကြဖို့ လိုက်နာရမည် ပျက်ကွက်ပါက ဥပဒေအရ အရေးယူမည့် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သ ည်။

ကမ္ဘာ့နိုင်ငံပေါင်း တစ်ရာကျော်သို့ကူးစက်ပြန့်နှံ့နေပြီး ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျမ်းမာရေး WHOက မတ် ၁၁ ကကြေငြာထားသော Covid 19 ရောဂါနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကျမ်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များလိုက်နာကြရန် မိမိနေထိုင်ရာရပ်ကွက်တွင် ဖျားနာနေမကောင်းဖြစ်သူရှိပါက နီးစပ်ရာ ကျမ်းမာရေးဌာနသို့ပြအသိပေးရန် နိုင်ငံရပ်ခြားမှ ပြန်လာသူများ နေအိမ်အတွင် မိသားစုနှင့် မထိတွေ့ဘဲသီးခြားနေထိုင် ကြရန် နှင့် မလိုက်နာပါက ၁၉၉၅ ကူးစက်ရောဂါကာကွယ်ရေး ဥပဒေဖြင့် အရေးယူမည့်အကြောင်း မုံရွာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန က ယနေ့ မတ်လ ၂၆ ရက်စွဲဖြင့် ဒေသန္တရအမိန့်ထုတ်ပြန်လိုက်သည်ဟုသိရသည်။

မတ်လ ၂၅ နေ့ကစတင်ပြီး မုံရွာမြို့အဝင်အထွက် နေရာ လေးခုတွင် တိုင်းဒေသကြီးကျမ်းမာရေးဦးစီးဌာန အထွေထွေအုပ်ချုပ်ရေး အရပ်အဖွဲ့စုံ ပူးပေါင်းကာ ခရီးသည်များ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ယနေ့ မတ်လ ၂၆နေ့တွင် ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းဖြစ်သည်ဟု မုံရွာမြို့အမှတ် ၂ မဲဆန္ဒနယ် မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် ကပြောကြားသည်။

“ Covid 19 ကာကွယ် ထိန်းချုပ်ကုသဖို့ အမိန့်ထုတ်တာပါ။ မနေ့ ညနေကတည်းက ရပ်ကွက်တွေမှာ လှည့်လည်ပြီး လိုက်နာရမဲ့ ကျမ်းမာရေးအသိပေး တယ် ၊နိုင်ငံရပ်ခြားကပြန်လာသူတွေ ဆိုင်ရာကို အသိပေးဖို့ နေအိမ်မှာ မိသားစုနဲ့မထိတွေ့ဘဲ သီးခြားနေဖို့ပါ  “ ဟု ဒေါ်အောင်ကြည်ကပြောသည်။

မုံရွာမြို့ နန္ဒဝန် ရပ်ကွက် ပြည်သူ့အိမ်ယာ အခန်းလွတ်များတွင် နိုင်ငံရပ်ခြားပြန်လာသူများအား ကျမ်းမာရေးစစ်ဆေး စုဆောင်းထားပေးကာ  ကိုယ် အပူချိန် တိုင်း၍ ဇာတိ မြို့နယ်ပြန်ပို့ပေးခြင်းအား လုပ်ဆောင်လျက်ရှိသည်။
ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ  တွင် ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် အရာရှိသည် (က) ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူအား နေအိမ်မှထွက်ခွာသွားလာခွင့်၊(ခ) ကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းရှိနေသူများကို ပြင်ပသို့ထွက်ခွာသွားလာခွင့်၊(ဂ) ပြင်ပမှလူများအား ကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ သို့မဟုတ် မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့် ကို ကန့်သတ်နိုင်ပြီး လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ပါရှိသည်။

R-08