News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာထားရှိနိုင်ရန် မန္တလာဒီဂရီကောလိပ်တွင် ပြင်ဆင်
26-Mar-2020


မန္တလေး ၊ မတ် ၂၆

Covid-19 သံသယလူနာများ စောင့်ကြည့်ရာတွင်လိုအပ်ပါက အဆင်သင့်ဖြစ်စေရန် မန္တလာဒီဂရီကောလိပ် ကျောင်းသားအဆောင်များကို ပြင်ဆင်ထားကြောင်းမန္တလာဒီဂရီကောလိပ်ထံမှ သိရသည်။



"လိုအပ်ရင်ထားဖို့ဆိုပြီး ကောလိပ်က ပင်လုံဆောင်နဲ့မန္တလေးဆောင်တို့ကို နေရာလျာထား သတ်မှတ်ထားတယ်။ ဒီကနေ့ ခေတ္တဝန်ကြီးချုပ်နဲ့အဖွဲ့ လာကြည့်တယ် "ဟု မန္တလာဒီဂရီကောလိပ်ပါမောက္ခဆရာတစ်ဦးက ပြောကြားသည်။

ယင်းသို့ ပြင်ဆင်ထားမှုနှင့်ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှုခဲ့သည်။

လတ်တလောတွင် Covid-19 စောင့်ကြည့်လူနာများကို ကန်တော်နဒီ ဆေးရုံတွင်လည်းကောင်း၊ နဒီမြန်မာဟိုတယ်တွင်လည်းကောင်း ကျန်းမာရေးဆိုင်ရာစောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိပြီး မန္တလာဒီဂရီကောလိပ် ၊ သာသနာ့တက္ကသိုလ် ၊ ကျောက်ဆည်တက္ကသိုလ် စသည့်နေရာများတွင်လည်းကောင်း၊ လိုအပ်ပါကထားရှိနိုင်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံတွင် လတ်တလောတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၃ ဦး ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားသည်။

S-02