News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ် ကျန်းမာရေးအသိပေးချက်ကို တစ်နိုင်ငံလုံးလိုက်နာဆောင်ရွက်ရန် လွှတ်တော် ဥက္ကဌ တိုက်တွန်း
25-Mar-2020


နေပြည်တော်၊ မတ် ၂၅

ကိုရိုနာဗိုင်းရပ်စ် COVID-19 နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာ ရေး အသိပညာ ပေးအချက်အလက်များကိုလည်း နိုင်ငံတဝှမ်းလုံး လိုက္နာ ဆောင်ရွက်ရန် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် က တိုက်တွန်းပြောကြားလိုက်သည်။



ယနေ့ မတ္လ ၂၅ ရက္က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

COVID-19 ကြောင့် ပြည်သူများအပေါ် အကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေရန် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ကျရာကဏ္႑မှ ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဥက္ကဌ က ဆိုသည်။



လက်ရှိ အချိန်သည် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပ ပြသနာများ၊စိန်ခေါ်မှုများစွာရှိနေသောကြောင့် စည်းလုံးညီညွတ်စွာ နေထိုင်နို်င်ရေးနှင့် ဒီမိုကေရစီ ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားကြရန် ၄င်းက ထပ်လောင်းပြောသည်။

လက်ရှိကျင်းပနေသည့် ၁၅ ကြိမ်မြောက်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၉၇ ခု၊ကြယ်ပွင့်မပြမေးခွန်း ၇၅၇ ခု ၊အဆို ၆ ခု ကို လုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ဆွေးနွေးရန် အဆို ၆ ခု ကျန်နေပြီး ဥပဒေကြမ်း ၂၂ ခုမွ ၇ ခုကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ဥက္ကဌ ၏ပြောကြားချက်အရ သိရသည်။

S-01