News

POST TYPE

NEWS

တောင်ငူတွင် ဆန်တစ်ပြည် ကျပ် ၁၀ဝ၀ ဖြင့်လိုသလောက်ရောင်းပေးမည်
25-Mar-2020
မတ်လ၂၄ ရက်နေ့က တောင်ငူမြို့လယ်ခေါင်တွင် ဆန်ဆီ စားနပ်ရိက္ခာဝယ်ယူနေကြသူများကို မြင်တွေ့ရပုံ

တောင်ငူ ၊ မတ် ၂၅

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဒေသတွင်းအိမ်ထောင်စုများစိုးရိမ်သောက မဖြစ်စေရေးအတွက် ဆန်တစ်ပြည် ကျပ် ၁၀ဝ၀ နှုန်းဖြင့် လိုသလောက်ရောင်းချပေးမည်ဟု တောင်ငူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူများထံမှ သိရသည်။

“ဆန်ကလည်း အလုံလောက်ရှိတယ်။ ကျပ် ၁၀ဝ၀ နဲ့လည်းရောင်းပေးမှာ။ လတ်တလောမှာ ခရိုင်နဲ့မြို့နယ်ချိတ်ဆက်ထားပြီး လိုအပ်တာနဲ့ ချက်ခြင်းရောင်းပေးမယ်”ဟုတောင်ငူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ်အပါအဝင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များအတွင်း သုခကဲ့သို့သော ဆန်များကို တစ်ပြည်ကျပ်တစ်ထောင်နှုန်းဖြင့် လိုသလောက်ရောင်းချပေးမည်ဖြစ်ရာ အစိုးရိမ်မကြီးကြရန်နှင့် လိုအပ်သည်ထက်ပိုမဝယ်ရန် တောင်ငူမြို့နယ် ဆန်စက်ပိုင်ရှင်များ အသင်းနှင့်ဆန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူနှစ်ဦး တီးတိန်နှင့်ရန်ကုန်တွင် ရောက်ရှိခဲ့ပြီးနောက် တိုင်းနှင့်ပြည်နယ်အချို့ရှိ မြို့ကြီးများတွင် မီဖိုချောင်းသုံးပစ္စည်းများနှင့်ဆေးဝါးပစ္စည်းများ အဆမတန်ဝယ်ယူစုဆောင်းခဲ့သည့်အတွက် ကုန်ဈေးနူန်းမြင့်တက်ခြင်းနှင့် ကုန်စည်ပြတ်လပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 

R-02