News

POST TYPE

NEWS

ရခိုင်စစ်ဘေးရှောင်များအတွက် တပ်မတော်က ကျပ်သိန်းသုံးထောင်ကျော်နှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်း
25-Mar-2020
ရန်ကုန်၊ မတ် ၂၅

ရခိုင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုဝင်များက ကျပ်သိန်းသုံးထောင်ကျော်နှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို မတ်လ ၂၃ ရက်နေ့က စစ်တွေမြို့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များ၊ တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တိုက်ပွဲရှောင်ပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် လှူဒါန်းငွေကျပ် သိန်း ၃,၂၂၀ နှင့် ထောက်ပံ့ပစ္စည်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့်မြို့နယ် ၉ မြို့နယ်တွင် စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

S-04