News

POST TYPE

NEWS

သိမ်ကြီးဈေး လူကူးခုံးကျော်တံတားကို ဒီဇိုင်းအသစ်ဖြင့် ပြန်လည်ပြုပြင်မည်
26-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

နှစ်ပေါင်း၃၀ခန့်သက်တမ်းရှိသည့် အနော်ရထားလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သိမ်ကြီးဈေးလူကူးခုံးကျော်တံတားကို ဒီဇိုင်း အသစ်ဖြင့် ပြန်လည်အဆင့်မြှင့်တင်ကာ ပြုပြင်သွားမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါသိမ်ကြီးဈေး လူကူးခုံးကျော်တံတားကို ယခုလက်ရှိတွင် မြေပြင်တိုင်းတာခြင်းများ ပြုလုပ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းတွင် အဆင့်မြှင့်တင်မှု ပြီးစီးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"သိမ်ကြီးဈေးလူကူးခုံးကျော်တံတားပတ်ပတ်လည်မှာ ပန်းခြံလေးတွေပါမယ်။ တံတားချဉ်းကပ်နေရာမှာလည်း ပြည်သူတွေထိုင်ဖို့ ထိုင်ခုံတွေလည်း ပါပါမယ်" ဟု ဦးသန်းနိုင်ဦးကပြောကြားသည်။

သိမ်ကြီးဈေးလူကူးခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူကာ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြစ်ကာ လက်ရှိရိုးရိုးလှေကား ၄ စင်းသာတပ်ဆင်ထားပြီး မသန်စွမ်းများအတွက်ဓာတ်လှေကားတစ်စင်းနှင့် စက်လှေကားတစ်စင်း ပါဝင်မည်ဖြစ်သည်။

လက်ရှိရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား ၂၁ ခု ရှိပြီး ယင်းလူကူးခုံးကျော်တံတားများတွင် ၆ ခုမှာ စက်လှေကားပါရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏စာရင်းများအရ သိရသည်။

S-05