News

POST TYPE

NEWS

သံစျေးမီးလောင်မှုတွင် မီးငြိမ်းသတ်ခဲ့သည့် တပ်ဖွဲ့ဝင်များကို ဂုဏ်ပြု
26-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

လသာမြို့နယ် ၊ သံစျေးမီးလောင်မှုတွင် မီးငြိမ်းသတ်ရေး ၊ ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကိုဖေဖော်ဝါရီ ၂၆ ရက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ချုပ် ၊ သီတာခန်းမ တွင်ပြုလုပ်ခဲ့သည်။



လမ်းမတော်လမ်း ၊ သံစျေး (၁၂)ထပ်ခွဲ ( မြေညီထပ်ပါ) စျေးအဆောက်အဦးသည် ဖေဖော်ဝါရီ ၂၀ရက် ၊ နံနက် ၆ နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရသည်။ အဆိုပါမီးလောင်မှုကို မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် အထောက်အကူပြုပံ့ပိုးပေးခဲ့ကြသည့် အရန်မီးသတ်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မီးငြိမ်းသတ်ရာတွင် လုံခြုံရေးလုပ်ငန်းများတာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ မီးလောင်ပြင်တွင် ကျန်းမာရေးစောင့်ရှောက်မူလုက်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

J-04