News

POST TYPE

NEWS

ပိုလျှံမှတ်ပုံတင်ထားသော ဆင်းမ်ကတ် ၂၈ သန်းကျော် ရှိနေကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန ကြေညာ
25-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ပြည်တွင်း၌ ပိုလျှံမှတ်ပုံတင်ထားသည့် ဆင်းမ်ကတ် ၂၈.၂ သန်း အထိရှိနေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ 

၂၀၁၉ ခုနှစ်၊ ဧပြီလမှစ၍ နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြားတစ်ခုဖြင့် SIM Card ခုသာ မှတ်ပုံတင်ရောင်းချနိုင်ရေး ညွှန်ကြားခဲ့သော်လည်း ၃၁ - ၁ -၂၀၂၀ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြု ကတ်ပြားတစ်ခုလျှင် SIM Card နှစ်ကတ်ထက် ပိုမိုမှတ်ပုံတင်ထားမှု များရှိနေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရ မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာအလိုက် ပိုလျှံမှတ်ပုံတင်ထား SIM Card အရေအတွက်မှာ MPT တွင် ၁၂.၉၅ သန်းခန့်၊ MyTel တွင် ၄.၆ သန်းခန့်၊ Ooredoo တွင် ၄.၆ သန်းခန့်နှင့် Telenor တွင် ၆.ဝ၅ သန်းခန့် စုစုပေါင်း ၂၈.၂ သန်းခန့် ကျန်ရှိနေကြောင်းသိရသည်။ 

ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားချက်အရ မှတ်ပုံတင်တစ်ခုတည်းဖြင့် SIM Card ကျော်အထိ မှတ်ပုံတင်ထားသူများပင်ရှိနေကြောင်း ဖော်ပြထားသည်။

IT 01