News

POST TYPE

NEWS

အမြန်လမ်းတွင် ခရီးသည်တင်ကား မီးလောင်
21-Feb-2020
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

တောင်ငူ၊ဖေဖော်ဝါရီ ၂၁

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၀၇ အနီးတွင် ဖေဖော်ဝါရီ ၂၀ ရက်ည ၉ နာရီ ၁၅ မိနစ်ခန့်က ခရီးသည်တင်ကား ဝါယာရှော့ဖြစ်ပြီး မီးလောင်ပျက်ဆီးခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှသိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း (နေပြည်တော်- မန္တလေး)အတိုင်း ရဲဖြိုးသိန်း ဆိုသူမောင်းနှင်ပြီး ခရီးသည်အမျိုးသား ၊အမျိုးသမီး၂၀ လိုက်ပါလာသည့် မင်းလက်ဝါးယာဉ်လိုင်းပိုင် မော်တော်ယာဉ်သည် မိုင်တိုင် ၃၀၇ အနီးသို့အရောက် ကားဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့‌သော်လည်း လူထိခိုက်ဒဏ်ရာမရကြောင်းအမြန်လမ်းရဲတပ်ဖွဲ့မှသိရသည်။

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

အလားတူ ယင်းနေ့ နံနက် ၇ နာရီခန့်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅၉ အနီးတွင် Hyundai Porter II လိုက်ထရပ်ကားသည် ယာဉ်ပေါ်ရှိပစ္စည်းများနှင့်ကိုယ်ထည်ပွတ်တိုက်ပြီး မီးလောက်ပျက်ဆီးခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

R-02