News

POST TYPE

NEWS

ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒပေါ်ပေါက်လာတော့မည်ဟုဆို
20-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အဆင့်မြင့်ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒမူကြမ်းကိုရေးဆွဲထားပြီး  မကြာခင် ပေါ်ပေါက်လာတော့မည်ဟု အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဒေါက်တာမျိုးြွကယ်ကပြောသည်။

၎င်းမူကြမ်းကို အချောသတ်မူကြမ်း အဖြစ်ပေါ်ပေါက်နိုင်ရန် အစည်းအဝေးများကျင်းပကာ ဆွေးနွေးလျက်ရှိပြီး အရည်အသွေးနှင့် အဆင့်အတန်းကို ကြီးကြပ်နိုင်ရန် အဆင့်မြင့်ပုဂ္ဂလိကကျောင်းများဆိုင်ရာ သက်ဆိုင်သူများနှင့်လည်း ဆွေးနွေးလျက်ရှိပြီး မကြာမီ အဆိုပါမူဝါဒ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဒေါက်တာမျိုးြွကယ်ကဆိုသည်။

"မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ပုဂ္ဂလိကျောင်းများအတွက် သေချာရေရာသော မူဝါဒနှင့် ကြီးကြပ်မှုများမရှိခဲ့ပါ။ ပုဂ္ဂလိကကျောင်း ဥပဒေပေါ်ပေါက်လာပါက ပုဂ္ဂလိကကျောင်းများကောင်းမွန်စွာ အကောင်အထည်ဖော်ရေးအတွက် ပင်မအထောက် အကူဖြစ်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်" ဟု ဒေါက်တာမျိုးြွကယ်က ပြောကြားသည်။

အဆိုပါပြောကြားချက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်  အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာကာလ (၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ) လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ဆွေးနွေးမှုကို ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် အရည်အသွေးအာမခံမှုရှိသော အဆင့်မြင့်ပညာ ပုဂ္ဂလိကကျောင်းများဖြစ်စေရေးအတွက် ပုဂ္ဂလိကကျောင်းသင် ဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏  သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းခဲ့သည်။

၎င်းဥပဒေကြမ်းထဲတွင် ပုဂ္ဂလိကကျောင်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များအဖြစ် အရည်အသွေးအဆင့်အတန်းကို ထိန်းညှိဆောင်ရွက်နိုင်ရန် အရည်အသွေး အာမခံမှုစနစ်တစ်ရပ်လည်း ထည့်သွင်းဆောင်ရွက်ထားသည်။     

S-09