News

POST TYPE

NEWS

မင်္ဂလာတောင်ညွန့်တွင် မီးလောင်မှုဖြစ်၊ ကလေးတစ်ဦး အပါအဝင် ၃ ဦး သေဆုံး
19-Feb-2020

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်ရှိ နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး ၂ ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

“သုံးယောက်သေဆုံးသွားတာပေါ့။ အဲ့ဒီသုံးယောက်က ဆေးရုံပို့ကတည်းက တော်တော်အခြေအနေဆိုးတယ်။”ဟု ဦးလှဌေးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ (၉၇) လမ်းရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၁၉ ရက်၊ မွန်းတည့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၂ နာရီ ၁၇ အချိန်၌ မီးငြိမ်းသတ်နိုင်ခဲ့ပြီး Level 1 အဖြစ်သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှသိရသည်။

လက်တလော မီးလောင်သည့်အကြောင်းအရင်းမသိရသေးဘဲ အသက် (၆၀) နှစ်အရွယ် အမျိုးသမီး ၂ ဦးနှင့် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

J-04