News

POST TYPE

NEWS

ကိုယ်တိုင်မောင်းကားအငှားလုပ်ငန်း Yoma Car Share မြန်မာနိုင်ငံဈေးကွက် စတင်ဝင်ရောက်
19-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

Yoma Car Share က ရန်ကုန်မြို့တွင် လွယ်ကူစွာရှာဖွေနိုင်သည့် Rental Hub အသစ်များကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း အဆိုပါအငှားဝန်ဆောင်မှု လုပ်ငန်းမှသိရသည်။

စီးပွားရေးလုပ်ငန်းများနှင့် အားလပ်ရက်ခရီးသွားလာသူများအနေနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2  ရှေ့တွင်တည်ရှိသော Yoma Car Share Rental Hub မှ ကားများကို ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း Yoma Car Share ထံမှ သိရ သည်။

ထို့ပြင် ရန်ကုန်မြို့တွင်း မော်ဒယ်လ်မြင့်ကားများဖြင့် သွားလိုသူများအနေနှင့် သာကေတမြို့နယ် Capital Hypermarket ရှေ့တွင်ရှိသည့် Yoma Car Share Rental Hub မှ ကားများကို အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်း ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအတွက် Yoma Car Share က Sedan, SUVs, Minivans နှင့် Hatchback  ကားများအပါအဝင် အမျိုးအစားစုံလင်စွာ ငှားရမ်းအသုံးပြုနိုင်ပြီး RFID ဖြင့် Yoma Car Share အသုံးပြုသူများသည် Membership Tap Card ဖြင့် နီးစပ်ရာ Rental Hubs များတွင် အချိန်မရွေး ကားများကိုသွားရောက်ယူဆောင်နိုင်ကြောင်း အဆိုပါ အငှားဝန်ဆောင်မှုထံမှ သိရသည်။      

J-03