News

POST TYPE

NEWS

ဆော်ဒီစစ်တိုက်လေယာဉ် ယီမင်တွင်ပျက်ကျ၊ ၎င်းတို့ ပစ်ချသည်ဟု ယီမင်သူပုန်ထုတ်ပြန်
17-Feb-2020


ဆန်နာ၊ ဖေဖော်ဝါရီ ၁၆

ဆော်ဒီဦးဆောင်သော အာရပ် မဟာမိတ်တပ်ဖွဲ့များ၏ စစ်လေယာဉ်က ယီမင်နိုင်ငံ မြောက်ပိုင်းတွင် ပျက်ကျသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ 

ဆော်ဒီအာရေးဗီးယား၏ တော်နေဒိုး ဖိုက်တာဂျက်သည် ယီမင်စစ်တပ်ကို စစ်ကူပေးနေရင်း ပျက်ကျသွားခဲ့ကြောင်း ဆော်ဒီအာရေးဗီးယား အစိုးရသတင်း အေဂျင်စီ ှဏဗ ကလည်း မဟာမိတ် တပ်ဖွဲ့ပြောခွင့်ရ အရာရှိကို ကိုးကားလျက် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် သောကြာနေ့ညက ဆော်ဒီလေယာဉ်ကို ပစ်ချလိုက်ကြောင်း ယီမင်ဟော်သီသူပုန်များက ကြေညာထားသည်။ 

ဆော်ဒီတပ်ဖွဲ့က အယ်ဂျာဝက်ဖ် ဒေသကို လေကြောင်းမှ တိုက်ခိုက်စဉ် အရပ်သား ၃၁ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ SPA က ထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၂ ဦးလည်း ရှိကြောင်း ကုလသမဂ္ဂ၏ ယီမင်နိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်က ပြောကြားထားသည်။ 

ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များသည် ယီမင်သူပုန်အင်အားစု ဟော်သီတပ်ဖွဲ့များကို ၂၀၁၅ ခုနှစ် ကတည်းက တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

ယီမင်နိုင်ငံ မြို့တော်ဆန်နာတွင် အခြေစိုက်သော နိုင်ငံတကာအသိအမှတ်ပြု အစိုးရကို ဟော်သီသူပုန်များက ဖြုတ်ချလိုက်ပြီးနောက်တွင် ဆော်ဒီဦးဆောင်သော နိုင်ငံစုံမဟာမိတ်များက ဟော်သီကို ပြန်တိုက်ကြခြင်း ဖြစ်သည်။ 

ဆော်ဒီ၏ စစ်လေယာဉ်ကို မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များဖြင့် ပစ်ချလိုက်ခြင်းဖြစ်သည်ဟု ဟော်သီသူပုန်များက ကြေညာထားသည်။ 

ပျက်ကျမှုနှင့် ပတ်သက်၍ သေဆုံးထိခိုက်မှုများကို ဆော်ဒီအာရေးဗီးယားက အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။ 

မရည်ရွယ်သော်လည်း အရပ်သား အချို့ သေဆုံးမည်ဟု ယူဆရပါကြောင်း၊ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေမည်ဖြစ်ကြောင်း ဆော်ဒီဘက်က ဆိုထားသည်။ 

F-02