News

POST TYPE

NEWS

တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
14-Feb-2020
ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၃ 

သေနတ်ဖြင့် ပစ်သတ်လုပ်ကြံမှုများ မကြာခဏဖြစ်ပေါ်နေသည့် ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ထွန်းလင်းအောင် ၄ လမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ယင်းမြို့ဒေသခံများက ပြောကြားသည်။ 

"အားယုံဆိုတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားတယ်လို့ ကနဦးသတင်းပဲသိရသေးတယ်။ တရားခံဖမ်းမိဖို့ စုံစမ်းနေပါတယ်" ဟု ကျိုင်းတုံမြို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

တာချီလိတ်မြို့ ဆန်ဆိုင်(ခ) ရပ်ကွက်၌ နေထိုင်သည့် အားယုံ(၄၂ နှစ်)သည် ၎င်းစီးနင်းသည့် မော်တော်ယာဉ်ထံ အသွားတွင် အနက်ရောင်မော်တော်ယာဉ်ပေါ်မှ သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ရာ လည်ပင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့၍ အမှုဖွင့်အရေးယူရန်နှင့် တရားခံဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-12