News

POST TYPE

NEWS

ကြေးနီစီမံကိန်းရောက်နေသည့် တရုတ်နိုင်ငံသား ၂၀ ကျော်ကို တိုင်းအစိုးရက ဝင်ရောက်စစ်
29-Jan-2020


မုံရွာ ဇန်နဝါရီ ၂၉

ဆားလင်းကြီးမြို့နယ် စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီကိန်းနယ်မြေအတွင်းရှိ မြန်မာယမ်စီကုမ္မဏီဝင်းတွင် တရုတ်နိုင်ငံသားများ ရောက်ရှိနေပြီး သီးခြားခွဲနေထိုင်နေကြောင်း သတင်းများထွက်ပေါ်နေသဖြင့် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းအစိုးရက သွားရောက်စစ်ဆေးခဲ့သည်။ 

စစ်ဆေးခဲ့သော တရုတ်နိုင်ငံသားများမှ ၂၀၁၉ ခုနှစ်ကုန်ပိုင်း အလည်အပတ် ဗီဇာဖြင့်ဝင်လာပြီး မြန်မာပြည်တွင်း လည်ပတ်ရင်း တရုတ်တွင် ဝူဟန်တုတ်ကွေးဖြစ်နေသဖြင့်မပြန်ဘဲ မိသားစုရှိရာ ကြေးနီစီမံကိန်းတွင် ယာယီနေခြင်းဟု ဆားလင်းကြီးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသိန်းနိုင်က ဆိုသည်။

တရုတ်နှစ်စ်သစ်ကူးမတိုင်ခင်ကရောက်နေတဲ့ တရုတ် မိသားစုဝင် ကလေးလူကြီး ၂၂ ယောက်ကို ယမ်စီထဲမှ ကင့်နဲ့ သတ်သတ်ခွဲတာ သွားစစ်တာပါ၊ စည်ပင်ဝန်ကြီး လုံးနယ်ဝန်ကြီးပါတယ်၊ ရောဂါမရှိပါဘူး။ သူတို့ကတောင်ပြန်လန့်နေသေးတယ် ဟု ဒေါက်တာသိန်းနိုင်က ပြောကြားသည်။

ဝူဟန်တုတ်ကွေးဖြစ်ပွားရာ တရုတ်ပြည်မှ ရောဂါရှောင်တရုတ်နိုင်ငံသားများရောက်ရှိနေကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက သူ၏ လူမှုကွန်ရက်တွင် ယမန်နေ့ညက တင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအစိုးရက ယမ်စီကုမ္မဏီအား ရှောင်တခင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ဆေးမှုနှင့်ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းနှင့် စံပယ်တောင်ကြေးနီ စီမံကိန်းနယ်မြေမှ ဒေသခံများမှာ စိုးရိမ်နေကြသည်။

ခင်မေစန်း