News

POST TYPE

NEWS

တရားရုံးရှေ့တွင် ရှေနေ့တစ်ဦး ရိုက်နှက်ခံရမှုနှင့် ပက်သက်၍ စတင် စစ်ဆေး
28-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းမြင့်သည် ပြီးခဲ့သည့်လကုန်ပိုင်းက လှိုင်မြို့နယ်တရားရုံးရှေ့တွင် အရိုက်ခံခဲ့ရသည်ကို မကျေနပ်၍ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်း ယင်းတရားရုံးရှေ့တွင် လူ ၇၀ ဝန်ကျင်ကို ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

လှိုင်မြိုနယ်တရားရုံးတွင် လိမ်လည်မှုအမှုတစ်ခုအား စစ်ဆေးပြီးအပြန် တရားရုံးအပေါက်တွင် တစ်ဖက်မှအမှုတွင်ပါဝင်သူနှစ်ဦးက ဆံပင်ဆွဲပါးရိုက်ခဲ့ပြီး ရဲစခန်းတွင် သွားရောက်တိုင်ကြားသည်ကို မှန်ကန်စွာ စစ်ဆေးခြင်းမပြုဘဲ အမှုဖွင့်ပေးခဲ့သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း အရိုက်ခံရသော ရှေ့နေ့ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

“အရိုက်လည်းခံရသေးတယ် အမှုလည်းအဖွင့်ခံရတယ်။ တရားရုံးရှေ့မှာ ရှေ့နေ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်သည် အပြန်အလှန်တရားစွဲဆိုကြပြီး ဇန်နဝါရီ ၂၈ ရက်နေ့တွင် တရားရုံးတွင် စတင်စစ်ဆေးရာ ရိုက်ခဲ့သည်ဟုဆိုသော အမျိုးသမီးသမီးဘက်မှ သက်သေတစ်ဦးသာ တင်ထားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်၏ အဆိုအရမှု ၎င်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူတို့သည် တပ်ကြပ်ကြီးစာရေးအား အခကြေးငွေပေး၍ အမှုဖွင့်ခဲ့သည့် CCTV မှတ်တမ်းသည် ရဲစခန်းမှူး၏ ခွင့်ပြုချက်ဖြင့် ကူးယူရရှိထားပြီး တရားရုံးတွင် သက်သေအဖြစ် တင်သွင်းသွားမည်ဟု ဆိုသည်။

ကိုယ်ထိလက်ရောက် ကျူးလွန်သူသည် စုမဲငွေအရှုတ်အရှင်းများကြောင့် လိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် အမှု ၇ မှုတွင် ရှေ့နေ့ ဒေါ်စန်းစန်းမြင့်က တရားလိုရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း စုံးစမ်းသိရသည်။

အေးချမ်းသူ