News

POST TYPE

NEWS

Online Banking ဖြင့် အခွန်ဆောင်နိုင်မည်
26-Jan-2020
ရန်ကုန် ၊ဇန်နဝါရီ ၂၆

ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်ပေးသွင်းရာတွင် မလိုလားအပ်သော ကြန့်ကြာမှုများ လျော့နည်းပ ပျောက်စေရန်နှင့် ပိုမို့ရှင်းလင်းလွယ်ကူစေရန်အတွက် ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ CB Pay & Online Banking များကို အသုံးပြု၍ ပေးဆောင်နိုင်တော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

Online Banking မှ အခွန်ငွေ ပေးသွင်းမှုကို CB Pay ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး အခြားပုဂ္ဂိုလိက ဘဏ်များ၏ အီလက်ထရော်နစ်ငွေပေးချေမှုများနှင့် ဝန်ဆောင်မှုပေးရန် ညိနှိုင်းမှုများပြီးစီးပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“အရင်က အခွန်ပေးဆောင်ရင်ရုံးမှာချလန် ထုတ်ပြီး ဘဏ်မှာသွားပြီးအခွန်ဆောင်၊ တစ်ခါတစ်လေ ငွေပမာဏများတဲ့အခါ ဘဏ်မှာ ငွေရေတာစောင့်ရတာတွေရှိတော့ အချိန်တော့ပေးရတာပေါ့ online banking system နဲ့ကျတော့ ကိုယ့်အိမ်ကနေ တယ်လီဖုန်းနဲ့ပဲ ကိုယ့်အကောင့်ထဲကနေ ပြည်တွင်းအခွန်အကောင့်ထဲကို ထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့် မိနစ်ပိုင်းပဲကြာမှာဟု ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးမင်းထွဋ်ကဆိုသည်။

အခွန်ငွေပေးသွင်းပြီးသည့်နောက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးစီးကြောင်း အထောက်အထားများကို Email အသုံးပြုပေးပို့အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသို့ လဆန်း ၁၀ ထက် နောက်မကျဘဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင်ရသည်ဖြစ်ရာ ချက်လက်မှတ်ဖြစ်စေ ငွေသားဖြစ်စေ ပေးသွင်းပါက ပြည်တွင်းအခွန်ရုံးနှင့် ဘဏ်များသို့ နှစ်ကြိမ်ခန့် သွားရောက်ရသဖြင့် နှစ်ရက်အချိန်ပေးရကြောင်း ပို့ကုန်သွင်းကုန် ကုမ္မဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်သဉ္ဇာငြိမ်းက ပြောဆိုသည်။

“အခွန်ရုံးမှာ ဦးစီးမှုးမရှိလို စောင့်ရတာနဲ့ အစည်းအဝေးလုပ်နေလို စောင့်ရတာနဲ အချိန်တွေ အများကြီးကုန်တယ်။ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသွင်းငွေထုတ်က ပုဂ္ဂိုလိကဘဏ်တွေလောက် မမြန်သလို ငွေသွင်းထားတဲ့ ချလန်စာရွက်က ယူဖို့ နောက်တစ်ခေါက်ထပ်လာရတယ် ” ဟု ၎င်းက ဆိုသည်။

မှူးသခင်