News

POST TYPE

NEWS

တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ အရုပ်များပြသ
25-Jan-2020

မန္တလေး ဇန်နဝါရီ ၂၅

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားနေမှုများ တိုက်ဖျက်ရေးအတွက် တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ အသိပညာပေး တောကောင်အရုပ်များ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျုံးတောင်ဘက်ခြမ်းတွင် ပြသထားမည်ဖြစ်သည်။

ယင်းပြသထားသာအရုပ်များမှာ ဆင်၊သင်းခွေချပ်၊ကျားတို့ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ” လှုပ်ရှားမှုအစီအစဉ်အရ မြို့တွင်းလှည့်လည် ပြသမည်ဖြစ်ကြောင်းကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရံပုံငွေအဖွဲ့(WWF)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမည်ဖြစ်ရာ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများပါမကျန် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားနေမှုများအား တိုက်ဖျက်ရေးအတွက် အားကြိုးမာန်တက်ပါဝင်ကြမည် ဖြစ်ကြောင်းယင်းအဖွဲ့ဝင်ဒေါ်မေမိုးဝါက ပြောကြားသည်။

"တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ"  အစီအစဉ်တွင် နယ်ပယ်အသီးသီးမှ ပါဝင်ပတ်သက်သူများ၏ အသိပညာပေးဟောပြောမှုများ၊လူသိများပြီး ကျော်ကြားသောသူများမှ ဦးဆောင်သော လူငယ်ဗဟိုပြုလုပ်ရှားမှုများနှင့် မြန်မာနိုင်ငံ၏ ပထမဆုံးသောမန္တလေးအငွေ့အသက်ပါဝင်သော ရောင်စုံယာဉ်များဖြင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး သရုပ်ပြယာဉ်လှည့်လည်ခြင်းတို့ပါဝင်သည်။

M-01