News

POST TYPE

NEWS

ကလေးဝမြို့တွင် အနိမ့်ဆုံး အပူချိန် စံချိန်သစ်တင်
25-Jan-2020


ကလေး ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ နှစ်ပေါင်း ၅၂ နှစ်အတွင်း အနိမ့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း ကလေးဝမြို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

ကလေး၀မြို့ မိုးလေဝသရုံး၏ တိုင်းထွာချက်အရ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ တိုင်းထွာချက်အရ ကလေးဝ မြို့၏ အပူချိန်သည် ၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အဖြစ် ရောက်ရှိခဲ့သည်။

ကလေး၀မြို့တွင် ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ၇ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ရှိခဲ့သည့်အတွက် နှစ်ပေါင်း ၅၂ နှစ်အတွင်း အနိမ့်ဆုံးအပူချိန်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ကလေးဝမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနရုံး မှ မြို့နယ်ဦးစီးမှူးဦးအောင်ဆွေ ကပြောသည်။

၄င်းက "အအေးလှိုင်းဖြတ်တာတော့ မရှိပါဘူး။မြို့အနေအထားက ချင်းတွင်းမြစ် နဲ့ မြစ်သာမြစ် မြစ်နှစ်မြစ် အကြားမှာရှိတဲ့ အခါကျတော့ ပထဝီအနေအထားအရလဲ ပါမှာပေါ့လေ" ဟု ပြောသည်။

ကလေးဝမြို့၏ ဇန်နဝါရီလ တစ်လ ပျမ်းမျှအပူချိန်သည် ၁၃ ဒသမ ၃ စင်တီဂရိတ်ဖြစ်ကြောင်း အဆိုပါရုံး မှသိရသည်။ကလေးဝ မြို့သည် မြောက်ဖက်မှ စီးဆင်းလာသည့် ချင်းတွင်းမြစ်နှင့် အနောက်ဖက်မှ စီးဆင်းလာသည့်မြစ်သာ
မြစ်နှစ်မြစ် ဆုံရာတွင်တည်ရှိသည့်မြို့ဖြစ်သည်။

R-20