News

POST TYPE

NEWS

ကျပ်သိန်း ၆၀ဝ၀ ခန့်ရင်းနှီးမြှုပ်နှံထားသည့် Sanctuary Hotel ဖွင့်လှစ်
25-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကျပ်သိန်း ၆၀ဝ၀ ခန့် ရင်းနှီးမြှုပ်နှံထားသည့် Sanctuary Hotel ကို ဇန်နဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၃၃ လမ်း၊ အလယ်ဘလောက် အမှတ် ၁၁၇ ၊ ၁၂၇ တွင် စတင်ဖွင့်လှစ်လိုက်သည်။

ဟိုတယ်တွင် စားသောက်ဆိုင်၊ ဘားများပါဝင်ပြီး ဟိုတယ်ကို နိုင်ငံခြားသားများအတွက် အဓိကရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကာ အွန်လိုင်းမှတစ်ဆင့် Booking ပြုလုပ်ခြင်းကို အဓိကထားမည်ဖြစ်ကြောင်း ယင်းဟိုတယ်ထံမှသိရသည်။

"များသောအားဖြင့် အွန်လိုင်းဘွတ်ကင်နဲ့ပဲသွားမယ်။ဈေးဆိုရင်လည်း ပြည်တွင်း၊ ပြည်ပနှုန်းထားက တအားမကွာပါဘူး။ လကုန်တဲ့အထိကို special promotion ရှိတယ်။ဧည့်သည်တွေက ၁၅ ရက်နေ့ကတည်းကတည်းနေကြပြီ" ဟု Sanctuary Hotel ၏ အထွေထွေမန်နေဂျာဦးထွန်းထွန်းလင်းက ပြောကြားသည်။

ဟိုတယ်ကို နိုင်ငံခြားဈေးကွက်အတွက် အဓိကရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဟိုတယ်ကို3 star အဆင့်သတ်မှတ်ထားသော်လည်း ဝန်ဆောင်မှုကို 5 star အဆင့်ပေးရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

J-11