News

POST TYPE

NEWS

Diamond Plaza၊ Ocean Supermarket ပြန်ဖွင့်မည်
23-Jan-2020

မန္တလေး၊ ဇန်နဝါရီ ၂၃

Sky Walk မီးလောင်မှုကြောင့် ပိတ်ထားသော Diamond Plaza၊ Ocean Supermarket တို့ကို ရတနာပုံစျေး၊ သားငါးစျေး၊ Underground car parking ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယင်းသို့ ဖွင့်လှစ်နိုင်ရန်အတွက် လျှပ်စစ်ဆိုင်ရာ စစ်ဆေးမှုများပြီး၍ စိတ်ချရတဲ့အတွက် လျှပ်စစ်မီးများ စတင်ထွန်းပြီး စျေးအတွင်းက စက်လှေကား၊ဓာတ်လှေကားများကိုလည်း ပြန်လည်ပတ်နိုင်ရန် စစ်ဆေးနေကြောင်းမန္တလေးမြို့ တော်ဝန်ဒေါက်တာရဲလွင်က ဆိုသည်။

မီးလောင်မှုဖြစ်ပေါ်ခဲ့သော Sky Walk မှာ ကြံ့ခိုင်မှုကောင်းသည့်အတွက် အဆောက်အဦကိုဖြိုချရန်မလိုဘဲ အကြီးစားပြင်ဆင်ရန် အချိန် ၃ လခန့် ကြာမြင့်နိုင်မည်ဟု ယေဘူယျခန့်မှန်းထားကြောင်း ဒေါက်တာရဲလွင်က ဆိုသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ကဥ္ဇဏမဟီရပ်ကွက်၊ ၃၄ လမ်းနှင့် ၇၈ လမ်းထောင့်ရှိ RC (၆) ထပ် အဆောက်အဦးဖြစ်သည့် Mandalay Yatanar Mall၊ Sky Walk ပထမအလွှာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ (၆) နာရီအချိန်မှ စတင်ကာ မီးလောင်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် (၅) နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

M-01