News

POST TYPE

NEWS

အမ်းမြို့နယ်တွင် ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်
23-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့ဝင်များက ရန်ကုန်-စစ်တွေ ပြေးဆွဲနေသည့် မော်တော် ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးကာ မော်တော်ယာဉ်မောင်းတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ မော်တော်ယာဉ်ကို အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ယင်းသို့ တားဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်း ကျေးရွာအနီး၌ ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် AA လက်နက်ကိုင်များက မော်တော်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီး၍ ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ မော်တော်ယာဉ်သည် ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲလျက်ရှိသည့် ရွှေကံ့ကော်ယာဉ်လိုင်းမှ ယာဉ်မောင်း ဝေပိုင်မိုး မှော်ဘီမြို့တွင်နေထိုင်သူ မောင်းနှင်လာခြင်းဖြစ်ပြီး မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၁၈ မိုင် ၄ ဖာလုံနေရာ သို့အရောက်တွင် AA လက်နက်ကိုင်အဖွဲ့များက မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းများ နှင့် ယာဉ်ကိုမီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့မ ရဲစခန်းတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးခေါ် ဆောင်ခြင်းခံရသူ ပြန်လည်လွတ်မြောက်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ယင်း ဒေသတစ်ဝိုက်တွင် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။                      

J-08