News

POST TYPE

NEWS

ဗိုလ်တထောင်စေတီ ဆိပ်ကမ်းဓမ္မာရုံတွင် တစ်ရက်အထူးတရားစခန်း ဖွင့်လှစ်မည်
23-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ဗိုလ်တထောင်စေတီဆိပ်ကမ်း ဓမ္မာရုံတွင် ပထမအကြိမ် တစ်ရက်အထူး တရားစခန်းကို ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ရာ ကမ္မဋ္ဌာန်းနည်းပြ ဆရာဦးမြင့်အောင်က ဗုဒ္ဓနည်းလမ်းကျ ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်များကို ဟောကြားပြသပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ တရားစခန်းတွင် တရားစာအုပ်၊ စာရွက်စာတမ်းများ ပြည့်စုံအောင် လှူဒါန်းပေးထားသည့်အပြင် ကြမ်းပြင်တွင် မထိုင်နိုင်သူများအတွက် အနောက်တွင် ထိုင်ခုံများ စီစဉ်ထားမည်ဖြစ်ကြောင်း တစ်ရက်အထူးတရားစခန်း ဖြစ်မြောက်ရေးအဖွဲ့ထံမှသိရသည်။ (အဖြူနှင့် အညို ဝတ်ဆင်လာရန် မေတ္တာရပ်ခံပါသည်။)

တစ်ရက်အထူးတရားစခန်းသို့ ဝင်ရောက်လိုသူများအနေဖြင့်လည်းကောင်း၊ တရားစာရွက်စာတမ်း စာအုပ်များနှင့် အာဟာရဒါန ပြုလိုသူများအနေဖြင့် လည်ကောင်း ဆရာဦးမြင့်အောင် (ဝ၉၇၉၅၇၆၀၁၀၈)၊ ဒေါ်စောလင်း (ဝ၉၉၆၄၂၁၁၇၁၇)၊ ဒေါ်ဆင့်ဆင့်အောင် (ဝ၉၅၀၀၀၉၁၀) နှင့် ဒေါ်စန္ဒီဇော် (ဝ၉၂၀၁၉၉၅၈) တို့ထံ သို့ ဆက်သွယ်နိုင်ပါသည်။

ရန်ကုန်မြို့တွင် တစ်ပတ် ၃ ရက် တစ်ရက်အထူးတရားစခန်းများကို စနေနေ့တွင် မြကန်သာ ဓမ္မာရုံ၊ မြကန်သာ အိမ်ရာ၊ ကမာရွတ်မြို့နယ်၊ (ဆင်ရေတွင်း မှတ်တိုင်အနီး)၊ တနင်္ဂနွေနေ့တွင် ဇောတိကာရုံကျောင်းတိုက်၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်နှင့် ကြာသပတေးနေ့တွင် ရွှေဘုန်းပွင့်ဘုရားဘေးရှိ ဓမ္မသာလာ ဓမ္မာရုံ သုံးထပ်ဆောင်၊ ပုဇွန်တောင် မြို့နယ်တွင် ဖွင့်လှစ်ပေးထားပါသည်။ 

အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနေသော အချိန်စာရင်းနှင့် နေရာများသိရှိရန်အတွက် https://www.facebook.com/1day.meditation/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။