News

POST TYPE

NEWS

လူကုန်ကူးမှုခံ မြန်မာအမျိုးသမီးငယ်နှစ်ဦးကို မိဘထံ လွဲပြောင်းပေးအပ်
21-Jan-2020
မန္တလေး ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုခံရသော မြန်မာအမျိုးသမီးနှစ်ဦးကို ဇန်နဝါရီလ ၂၁ ရက်နေ့က အုပ်ထိန်းသူမိဘများထံ ပြန်လည်အပ်နှံခဲ့သည်။

အထက်မြန်မာပြည်မှ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်တင်နိုင်သော အမျိုးသမီးငယ်များကို မန္တလေးမြို့ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းတွင် စောင့်ရှောက်ထားကြောင်း၊ ပုံမှန်ဆိုပါက အမှုရင်ဆိုင်နေစဉ်ကာလအတွင်း လူကုန်ကူးခံရသည့်အမျိုးသမီးငယ်၏ လုံခြုံရေးကို တာဝန်ယူရကြောင်း၊ ယခု အမျိုးသမီးငယ်နှစ်ဦးကို အုပ်ထိန်းသိမ်းမိဘများက ပြန်ခေါ်ချင်သည့်အတွက် ယင်းလုံခြုံရေးနှင့်ပတ်သက်၍ မိဘများ၌ တာဝန်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဋ္ဌာန၊ အမျိုးသမီးသက်မွေးအတတ်သင်ပညာကျောင်း တာဝန်ခံ ဒေါ်ခင်နွယ်နွယ်ဦးက ပြောကြားသည်။

ကျမရဲ့သမီး ပြန်လည်ရောက်ရှိလာတဲ့အတွက် ဝမ်းသာပါတယ်။ တရုတ်ပြည်ဘက်မှာ ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သမီးအတွက် ဝမ်းနည်းမိပါတယ် ဟု တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် အမျိုးသမီးငယ်၏ မိခင်ဒေါ်ချိုက ပြောကြားသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး အုပ်ထိန်းသူမိဘများထံ ပြန်လည်လွှဲပြောင်းပေးသော အမျိုးသမီးငယ်နှစ်ဦးမှာ စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာမှ တစ်ဦးနှင့် မုံရွာမြို့မှ တစ်ဦးဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး လူမှုဝန်ထမ်းဦးစီးဋ္ဌာနအောက်ရှိ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်း(မန္တလေး) ရုံးတွင် ဇန်နဝါရီလ ၂၀ ရက်နေ့က အမျိုးသမီးငယ် ၇ ဦး ရောက်ရှိပြီး ယင်းအမျိုးသမီးငယ်များအပါအဝင် ယခုအခါ အမျိုးသမီးငယ် ၁၆ ဦးကို စောင့်ရှောက်ထားကြောင်းယင်းသင်တန်းကျောင်းမှ သိရသည်။

M-01