News

POST TYPE

NEWS

ပုဇွန်တောင်တွင် အက်ဆစ်နှင့် အရက် မှားသောက်မိသည့်အမျိုးသား သေဆုံး
20-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက အက်ဆစ်နှင့် အရက် မှားသောက်မိသည့် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၅၅ နှစ် အမျိုးသားမှာ ဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်ပြီး အရက်အလွန်အကျွံသောက်စားတတ်သူဖြစ်ကာ ဇန်နဝါရီ ၁၈ ရက်နေ့က ရေသန့်ဘူးခွံအတွင်းရှိ ဘတ္ထရီအိုးထဲထည့်သည့် အက်ဆစ်ပျော့ကို အရက်ဟု ထင်မှတ်ကာ မှားသောက်မိခဲ့ကြောင်း ယင်းဘုန်းကြီးကျောင်းတွင် ၎င်းနှင့်အတူ နေထိုင်သည့် အမျိုးသားတစ်ဦးက မြင်တွေ့ခဲ့သည်။

အဆိုပါ အက်ဆစ်နှင့် အရက်နှင့် မှားသောက်မိသည့် အမျိုးသားမှာ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့သောကြောင့် ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိရန် သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၀ ဖြင့် ရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03