News

POST TYPE

NEWS

ရန်ကုန်တိုင်းအစိုးရ ပြည်ပချေးငွေဖြင့် ပြုလုပ်ဆဲနှင့် ပြုလုပ်ရန် လျာထားစီမံကိန်း ၄၀ ခန့်ရှိ
19-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံတကာစံမီစက်မှုဇုန် တည်ထောင်ခြင်းအပါအဝင် ပြည်ပချေးငွေဖြင့် ပြုလုပ်ဆဲနှင့် ပြုလုပ်ရန်လျာထားစီမံကိန်း ၄၀ ဝန်းကျင်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

“ဒီစီမံကိန်းတွေက အရင်အစိုးရက ပြုလုပ်ဖို့ လျာထားခဲ့တဲ့စီမံကိန်းတွေနဲ့ အခုလက်ရှိအစိုးရ ပြုလုပ်ရန်လျာထားတဲ့ နှစ်တို/နှစ်ရှည်စီမံကိန်းတွေပါ” ဟု ၎င်းက ဆိုသည်။

ကမ်းပြိုကာကွယ်ရေးနှင့် ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးနှင့် ပတ်သက်သည့် စီမံကိန်းများ၊ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံကိန်းများ၊ မြို့ပြရေပေးရေးလုပ်ငန်းစီမံကိန်းနှင့် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းတို့လည်း ယင်းစီမံကိန်းများထဲတွင် ပါဝင်သည်။

ထို့ပြင် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များကို Mechanical Biological Treatment အသုံးပြု၍ Waste to Biogas Plant စီမံကိန်း၊ အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ၏ ဘေးအန္တရာယ်ဆန်းစစ်ချက်စီမံကိန်းနှင့် အဓိကကျသော အခြေခံအဆောက်အဦများ၏ ဘေးအန္တရာယ် ဆန်းစစ်ခြင်းစီမံကိန်းတို့လည်း ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

ZC