News

POST TYPE

NEWS

ညောင်တုန်း လျှပ်စစ်ဝန်ထမ်းလိုင်းခန်း ပြိုကျ
17-Jan-2020

ပုသိမ်၊ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ အမှတ် ၂ ရပ်ကွက်၊ မီးစက်လမ်းရှိ လျှပ်စစ်ဝန်ထမ်းမှ ၆ ခန်းတွဲ အိမ်ယာတစ်ခု ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၆ နာရီဝန်းကျင်ခန့်က ပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းလိုင်းခန်းမှာ လေပြင်းတိုက်ခြင်း၊ မြေငလျှင်လှုပ်ခြင်း စသည့် သဘာဝဘေးကြောင့်ပြိုကျ ပျက်စီးခြင်း မဟုတ်ဘဲ ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် ပြိုကျရခြင်းဖြစ်ကြောင်း ၊ ယင်းမြို့နယ်လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားပေးရေးဦးစီးဌာန မှတာဝန်ရှိသူက ဆိုသည်။


"ဝန်ထမ်းလိုင်းခန်းပြိုကျတယ် သတင်းပို့လာလို့ မြို့နယ်မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင် ၁၇ ဦးနဲ့ သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေး ရွေ့ပြောင်းပေးရေး လုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်၊ သေဆုံးတာ ပြင်းထန်ဒါဏ်ရာရတာမျိုး မရှိပါဘူး" ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူက The Voice ကိုပြောသည်။

ပြိုကျသည့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ထမ်းအိမ်ယာလိုင်းခန်းမှာ အလျား ၇၅ ပေ၊ အနံ ၁၇ ပေရှိ အုတ်ကျွတ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၆ ခန်းတွဲ ၁ ထပ် လိုင်းခန်းဖြစ်ကြောင်း အဆိုပါလိုင်းခန်းတွင် နေထိုင်သော အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၂ ဦး ကို တခြားလိုင်းခန်းကို ရွှေ့ပြောင်းပေးထားကြောင်း ၎င်းကဆက်ပြောသည်။


ပြိုကျခဲ့သည့် ဝန်ထမ်းလိုင်းခန်းမှာ ၁၉၅၇ ခုနစ်က တည်ဆောက်ထားခဲ့သည့် အတွက် သက်တမ်း ၆၃ နှစ်သက်တမ်း ရှိနေပြီကြောင်း တိုင်းဒေသကြီးအတွင်း၌ မီးရထားဌာန စာတိုက်ဆက်သွယ်ရေး ကြေးနန်း နှင့် ရဲတပ်ဖွဲ့တို့တွင်လည်း နှစ်ကာလကြာမြှင့်နေသည့် ဝန်ထမ်းအိမ်ယာလိုင်ခန်းများ ရှိကြသည်။(R-12)

မောင်မျိုးထက်(ပုသိမ်) 
ဓါတ်ပုံ မုန်းမင်း