News

POST TYPE

NEWS

ချောက်တွင် ရေနံ ထုတ်လုပ်နိုင်မှု တိုးလာ၍ CSR ကျပ်သိန်း ၁၈၀ဝ ကျပ်ကျော် ပိုမိုရရှိ
14-Jan-2020


ချောက်၊ ဇန်နဝါရီလ ၁၄ ။

မကွေးတိုင်းဒေသကြီး ချောက်၊ လမ်းရွာ ရေနံမြေတွင် ရေနံထုတ်လုပ်နိုင်မှု တိုးပြီး ထုတ်လုပ်နိုင်သည့်အတွက် ယခုနှစ် ၂၀၁၉၊ ၂၀ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု CSR ငွေ ရရှိမှုက ယခင်နှစ် ရရှိငွေထက် ငွေကျပ် ၁၈၆၀ သိန်းခန့် ပိုတိုး၍ ရရှိသည်ဟု ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီးရုံးမှ သိရသည်။

ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီး ဦးကိုကိုသက် က ဓ ပိုရလာတာ နေပြည်တော်က ဒါတွေမြင့်ပေးတာပေါ့။ ကျွန်တော်ရဲ့ ရေနံအထွက်နှုန်းရယ်၊ ချောက်ရဲ့ ွီဏ ပေါ်မှုတည်ပြီးတော့ တိုးပြီးရတာပါ။ဓ ဟု ပြောကြားသည်။

ယခုနှစ် ၂၀၁၉၊ ၂၀ ဘဏ္ဍာရေး နှစ်အတွက် ချောက်၊ လမ်းရွာ ရေနံမြေ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် CSR ငွေကျပ်သိန်းပေါင်း ၄၇၃၀ ကျပ်သိန်းရရှိခဲ့ပြီး ယခင်နှစ် ၂၀၁၈၊ ၁၉ ဘဏ္ဍာရေးနှစ်တွင် CSR ငွေ ၂၈၇၊ဝ ကျပ်သိန်းကျော် ရရှိခဲ့၍ ယခင်နှစ်ထက် CSRမှ ရရှိ ငွေ ၁၈၆၀ ကျပ်သိန်းခန့် ပိုရရှိသည်ဟု ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီးရုံးမှ စာရင်းများ အရ သိရသည်။

ချောက်၊ လမ်းရွာ ရေနံမြေဒေသ ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရန် ရရှိထားသော CSR ငွေမှ ပညာရေးကဏ္ဍ လုပ်ငန်း ၊၇ မျိုး အတွက် ငွေကျပ် ၄၊၅၀ သိန်း၊ ကျန်းမာရေးကဏ္ဍ အတွက် လူနာတင်ယာဉ်တစ်စီး ဝယ်ယူရန် ငွေကျပ် ၇၄၀ သိန်း၊ လူမှုအထောက်အကူပြု လုပ်ငန်း အတွက် ငွေကျပ် ၃၄၉၂ သိန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍအတွက် ငွေကျပ် ၄၈ သိန်း ဖြစ်သည်ဟု ယင်းရုံးကြီးမှ သိရသည်။

ပညာရေးကဏ္ဍ ၇ မျိုးတွင် အမက ၁၃၅ ကျောင်း ွု ကျောင်းဆောင်ပြုပြင်ခြင်း၊ အိမ်သာ နှင့် ကျောင်းဝန်းတံခါးပြုလုပ်ခြင်း၊ သစ်လှကျေးရွာ အမက ကျောင်း ွု ကျောင်းဆောင်ပြုပြင်ခြင်း၊ မကျီးပင်ကျေးရွာ ကျောင်းဆောက်လုပ်ခြင်း၊ အိုင့်ကြီးကျေးရွာ အထက၊ ကြပ်စုကျေးရွာ အမက ခြံစည်းရိုးကာရံခြင်း၊ လင်းတကိုင်းကျေးရွာ အထက အုတ်တံတိုင်းကာရံခြင်း၊ မြို့ပေါ်ကျောင်း အထက ၂ နှင့် အမက ၉ ရေသန့်စက် နှစ်လုံး တပ်ဆင်ခြင်းတို့ ဖြစ်သည်။

လူမှုထောက်အကူပြုလုပ်ငန်း ၁၉ မျိုးတွင် လမ်းရွာကျေးရွာတွင်း ၄၀ဝ ဖို့စ် ဓါတ်အားလိုင်း၊ ဝရကုန်၊ မြေစွန်း၊ ညောင်ဖွာ၊ ပဒေသာကျွန်းကျေးရွာတို့တွင် ၁၁ ကေဗွီ ဓါတ်အားလိုင်း၊ မြေစွန်း၊ သစ်ချိုကုန်း၊ ဆူးပန်းချောင်း၊ ညောင်ဖွာ ကျေးရွာတို့တွင် ထရန်စဖော်မာ တပ်ဆင်ခြင်း နှင့် မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက် နှင့် ကျေးရွာတစ်ရွာ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျေးရွာချင်းဆက်လမ်း နှစ်လမ်းတွင် ကွန်ကရစ်ရေကျော် ပြုလုပ်ခြင်း၊ အထက ၂ ကျောင်းအတက် လမ်းပြုပြင်ခြင်း၊ တမာအိုင့်ရိုးချောင်းတွင် လူကူးတံတားတည်ဆောက်ခြင်းဖြစ်သည်။

ထို့အပြင် နလင်ကန်၊ အိုးဘိုကျေးရွာတို့တွင် ဂါလံ ၂၄၀ဝ ဆံ စင်မြင်ရေစင်၊ ဇီချိုပင်ကျေးရွာ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မြို့ပေါ်ရပ်ကွက် ၅ ခု ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ညောင်လှရပ်ကွက် အားကစားကွင်း ပွဲကြည့်စင် ပြုပြင်ခြင်း နှင့် မြေထိမ်းနံရံ နှစ်ခု ပြုလုပ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ချောက်၊ လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာကြီးရုံးမှ သိရသည်။

နေနိုင်