News

POST TYPE

NEWS

နေပြည်တော်ကောင်စီနယ်မြေအတွက် ကျောင်းသား/သင်တန်းသားတစ်ဦးကို ပညာသင်ထောက်ပံ့ကြေး ကျပ်သိန်း ၉၀ ကျော် အသုံးပြုနေဟု ပညာရေးဝန်ကြီးပြော
14-Jan-2020

ဇန်နဝါရီ ၁၃ ရက်

တိုင်းဒေသကြီးပြည်နယ်အလိုက်ပညာရေးအသုံးစရိတ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွက် ကျောင်းသားသင်တန်းသားတစ်ဦးကို ပညာသင်ထောက်ပံ့ကြေးကျပ်သိန်း ၉၀ ကျော် အသုံးပြုနေကြောင်း ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

ဇန်နဝါရီ ၁၃ ရက်နေ့က နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာခန်းမတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနမှပြုလုပ်သည့်သင်ယူမှုအခွင့်အလမ်းမြင့်မားရေး အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲ္ပတွင် ပြောဆိုခြင်းဖြစ်သည်။

“တိုင်းဒေသကြီး ပြည်နယ်အလိုက် ပညာရေးအသုံးစရိတ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွက် သင်တန်းသားတစ်ဦးကို ကျပ်သိန်း ၉၀ ကျော် အသုံးပြုနေတယ်ဆိုတာကို တင်ပြလိုပါတယ်။ပညာရေးဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ် ၊ ငွေလုံးငွေရင်းအသုံးစရိတ်ပါ သုံးစွဲနေပါတယ်။ပညာသင်ထောက်ပံ့ကြေးတွေပေးနေပါတယ်” ဟု ပညာရေးဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်ပညာသင်တဲ့လူတွေများနေပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းရင်းအရ ဘွဲ့ရသည့်လူဦးရေသည် တိုင်းဒေသကြီး ပြည်နယ် အလိုက်ကြည့်လျှင် ရန်ကုန် ၊ မန္တလေး နေပြည်တော် များမှလွဲပြီး ကျန်သည့်တိုင်းဒေသကြီး ပြည်နယ်များတွင် ဘွဲ့ရသည့်ဦးရေသည် သတ်မှတ်ချက်အောက်ရောက်နေသည်ကိုတွေ့ရကြောင်း ၎င်းကပြောသည်။

နေပြည်တော်သည် အစိုးရရုံးစိုက်ရာမြို့ဖြစ်သည့်အတွက် အစိုးရရုံးများပြောင်းလာသဖြင့် ဘွဲ့ရဦးရေပိုများလာရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီး၏ ပြောကြားချက်အရသိရသည်။


မင်းသုခိုင်