News

POST TYPE

NEWS

SIM-Card မှတ်ပုံတင်ရေးမူဝါဒ အညံ့ဖျင်းဆုံး တိုင်းပြည်စာရင်းတွင် မြန်မာ အဆင့် ၅ ချိတ်
14-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ဗြိတိန်နည်းပညာကုမ္ပဏီ Compari-tech ၏ သုတေသနစစ်တမ်းတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံသည် ဆင်းမ်ကတ်မှတ်ပုံတင်ရေးမူဝါဒ အဆိုးရွားဆုံး တိုင်းပြည်စာရင်း၏ အဆင့် ၅ နေရာမှာ ရပ်တည်နေကြောင်း သိရှိရသည်။ 

အဆိုပါစာရင်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၈ နိုင်ငံ၏ ဆင်းမ်ကတ် မှတ်ပုံတင်ရေး မူဝါဒများနှင့် ဥပဒေများကို လေ့လာသုံးသပ်၍ အဆင့်သတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံသည် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နိုင်ဂျီးရီးယား၊ တာဂျစ်ကစ္စတန်၊ ယူအေအီးတို့နှင့်အတူ အဆင့် ၅ နေရာ၌ ရပ်တည်နေသည်။ 

အဆိုပါ စာရင်း၏ အဆင့် ၁ နေရာတွင် အာဖရိက တိုင်းပြည်တစ်ခုဖြစ်သည့် တန်ဇန်း နီးယားနိုင်ငံက ရပ်တည်နေပြီး ဆော်ဒီအာရေးဗီးယားက ၂၊ မြောက်ကိုရီးယားနှင့် ယူဂန်ဒါတို့က ၃ နှင့် လက်ဘနွန်၊ ပါကစ္စတန်၊ စင်ကာပူနှင့် သီရိလင်္ကာတို့က အဆင့် ၄ နေရာများတွင် အသီးသီးရပ်တည် နေကြသည်။

Comparitech သည် တိုင်းပြည် အသီးသီးမှ ဆင်းမ်ကတ်မှတ်ပုံတင်ရေး မူဝါဒများ၊ လုပ်ငန်းစဉ် ကြာမြင့်ချိန်များ၊ အဆင်ပြေချောမွေ့မှုများ၊ ခေတ်ပေါ်နည်းပညာအသုံးချနိုင်စွမ်းများနှင့် အချက်အလက် မှတ်တမ်းရယူနိုင်စွမ်းများကို လေ့လာဆန်းစစ်၍ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

IT 01