News

POST TYPE

NEWS

မြိတ်မြို့မှ ကျပ်သိန်းတစ်သောင်းခွဲဆုကြီး ဆွတ်ခူး
01-Jan-2020


မြိတ်၊ ဇန်နဝါရီ ၁

ဇန်နဝါရီလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ၁၁ ကြိမ်မြောက်အောက်ဘာလေထီဆုများတွင် အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို မြိတ်မြို့ ခရူတောရပ်ကွက်နေ ကိုဂျပန်(ခေါ်)ကိုသန်းထွေးက ဆွတ်ခူးခဲ့သည်။

မြိတ်မြို့ ဇေယျာသီရိ ၂ ရပ်ကွက် အောင်ဆန်းလမ်းမကြီးရှိ ရတနာသိန်းထိုက်အောင်ထီဆိုင်မှ ထိုးထားသည့် ထီလက်မှတ် သုံးစောင်တွဲတွင် ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို င-၂၀၄၅၈၈ ဖြင့် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

"ပျော်တာပေါ့ အခုချိန်ထိ စိတ်ထဲမှာ ကုလားဘုရားပွဲလှည့်နေသလိုပဲ"ဟု ကိုဂျပန်က ပြောသည်။

ကိုဂျပန်သည် မြိတ်တောင်ကျေးရွာ တိုးချဲ့စျေးတွင် အထည်ဆိုင်ဖွင့်လှစ်ရောင်းချနေပြီး လစဉ် အောင်ဘာလေထီလက်မှတ် သုံးစောင်တွဲ လေးတွဲ ထိုးလေ့ရှိကာ ငါးသောင်းဆုနှစ်ဆုသာ ပေါက်ဖူးခဲ့သည်။

Dawei Watch