News

POST TYPE

NEWS

လမ်းဦးစီးပိုင်မြေများနှင့်စက်မှု လယ်ယာပိုင်မြေတွင် ကျူးကျော်နေသူများကို တရားစွဲဆိုမည်
31-Dec-2019


တောင်ငူ၊ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးပိုင် ၊ မြေယာများနှင့်စက်မှုလယ်ယာပိုင် မြေများတွင် ဝင်ရောက်ကျုးကျော်နေထိုင်သူများကို တရားစွဲဆိုမည် ဖြစ်ကြောင်း ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများသည် ယခုလ ၁၆ ရက်နေ့က စတင်ပြီး အိမ်ထောင်စု ၃၀ ကျော်ခန့်က လူနေအိမ်များဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ လက်ရှိတွင် အိမ်ထောင်စုငါးရာနီးပါး ရှိလာပြီဖြစ်သည်ဟု စက်မှုလယ်ယာ ဦးစီးဌာနနှင့် အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“စတင် ဝင်ရောက် ကျုး၊ကျော်နေထိုင်ကြစဉ် ကတည်းက ဒါတွေက ပိုင်ရှင်ရှိတယ် ။နေလို့မရဘူးဆိုတာ အသိပေးတယ်။ တစ်ကယ်လို့ နေရာမရှိရင်တစ်ခြား မြေလွတ်လေးဘာလေးရှိရင်ကူ
ညီပေးမယ်ဆိုတာ ပြောထားတယ်ဟုဖြူးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းထွေးက ပြောကြားသည်။

အဆိုပါ ကျူးကျော်နေထိုင်သူများသည် ဒီဇင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ စက်မှုလယ်ယာပိုင်စိုက်ကွင်းနှင့် လမ်းဦးစီးပိုင်မြေကွက်များတွင် ဝင်ရောက်နေထိုင်ခဲ့ကြပြီး အများစုမှာ မြန်မာ့မီးရထားပိုင်မြေများတွင် ကျုးကျော်နေထိုင်သူများဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

သူတို့ကိုလည်း မြန်မာ့မီးရထားက မီးရထားလမ်းအဆင့်မြင့်ဖို့ကိစ္စအတွက်ဖယ်ရှားဖို့ နို့တစ်ထုတ် ခံထားရသူတွပါ။ မြေနေရာအခက်ခဲကြောင့် ကျုးနေကြတယ်ဆိုပေမဲ့ ဥပဒေနဲ့မညီတော့မသင့်လျော်ဘူး ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ကျူးကျော်ဝင်ရောက်နေထိုင်သူများကို ဖယ်ရှားရှင်းလင်းရန်ပြင်ဆင်နေပြီး စတင်ဝင်ရောက်ကျုးကျော် နေထိုင်ကြစဉ်ကတည်းကနယ်မြေခံရဲစခန်းတွင် သွားရောက်အသိပေးတိုင်ကြားထားသည် ဟု ညောင်ပင်သာထွန်စက်စခန်း (စက်မှုလယ်ယာ)တာဝန်ခံက ပြောကြားသည်။

ယင်းကဲ့သို့ ဖြူးမြို့နယ် ညောင်ပင်သာမြို့ စက်မှုလယ်ယာဌာနပိုင်မြေများတွင် ကျူးကျော်နေထိုင်သူများကို အရေးယူပေးရန်တာဝန်ရှိသူတစ်ဦးက တိုင်ကြားလာသည့်အတွက် ဇူလိုင်လ ၃၀ ရက်နေ့က ညောင်ပင်သာနယ်မြေရဲစခန်းမှ(ပ)၂၇၈/၂၀၁၉ မြေလွပ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၇ ဖြင့် အမှုဖွင့်ခဲ့သည်ဟု အဆိုပါရဲစခန်းမှ သိရသည်။

R -15
ဓာတ်ပုံ-UKKA



  • VIA