News

POST TYPE

NEWS

မိဘကချုပ်ချယ်သည်ဟုဆိုကာ အမျိုးသမီး တစ်ဦး ကြိုးဆွဲချ
31-Dec-2019
တောင်ငူ၊ဒီဇင်ဘာ ၃၁

ကြိုးဆွဲချသေဆုံးသူမှာ အသက်၂၁ နှစ်အရွယ် မကေသီခိုင် မှာ အိမ်ပေါ်ထပ် ဧည့်ခန်း အမြင့် ၁၁ ပေခန့်ရှိသည့် ထုတ်တန်းတွင်ကြိုးဆွဲချသေ ဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖြူးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ မိန်းကလေး သေဆုံးရခြင်းနှင့်ပတ်သက်ပြီး အတူနေ ဖခင်ဖြစ်သူ၏ ပြောကြားချက်အရ မိဘများက ချုပ်ချယ်မှုကို မကျေမနပ်ဖြစ်နေရသည်ဟု ဖြူးမြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းတွင် ထည့်သွင်းဖော်ပြထားသည်။

ကြိုးဆွဲချ သေဆုံးမှု နှင့် ပတ်သက်ပြီးဖြူးမြို့မရဲစခန်းက သေမှု သေခင်းအမှတ်၂၆/၂၀၁၆ဖြင့်ဖွင့်လှစ်ကာစစ်ဆေးလျက်ရှိသည်။

(R - 15)



  • VIA