News

POST TYPE

NEWS

အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဘဏ္ဍာသိမ်းရငွေ သန်း ၂၅၀ ဆုအဖြစ် ထည့်သွင်းချီးမြှင့်မည်
31-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့တွင်ကျင်းပမည့် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီလက်မှတ်ရောင်းရငွေမှ ထီဆုငွေ ကျပ်သန်း ၁၈ယဝ၀၀ ကျော်အပြင် ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ၁၁ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီလက်မှတ်များကို ‘က’ အက္ခရာမှအစဉ်လိုက် ‘ကင’ အထိ စုစုပေါင်းအက္ခရာ ၃၈ လုံးရောင်းချခဲ့ရာ ယင်းမှထီစာအုပ် ၃ယ၁၀၉ယဝ၈၄ အုပ်၊ ထီလက်မှတ်စောင်ရေ ၃၄,၁၉၉,၉၂၄ စောင် ရောင်းချခဲ့ကြောင်း ယင်းဌာနခွဲထံမှ သိရသည်။

ယင်းထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း ၃၁,ဝ၉၀ ဒသမ ၈၄ ဖြစ်သည့်အတွက် ၆၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည်ဖြစ်ရာ ကျပ်သန်း ၁၈,၆၅၄ ဒသမ ၅၀၄ ချီးမြှင့်မည်ဖြစ်ကြောင်း အဆိုပါဌာနခွဲထံမှ သိရသည်။

အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင်ဆု ၁ ဆု၊ ကျပ်သိန်း တစ်သောင်းဆု ၁ ဆု၊ ကျပ်သိန်း ငါးထောင်ဆု ၂ ဆု၊ ကျပ်သိန်းနှစ်ထောင်ဆု ၄ ဆု၊ ကျပ်သိန်းတစ်ထောင်ဆု ၈ ဆု၊ ဆု တစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ ၁၈ ဆု၊ ကျပ်သိန်းနှစ်ရာ ၂၄ ဆု၊ ကျပ်သိန်းတစ်ရာဆု ၃၀ ဆု၊ ကျပ်သိန်းငါးဆယ်ဆု ၃၁ ဆု၊ ကျပ်သိန်းနှစ်ဆယ်ဆု ၃၁ ဆု၊ ကျပ်ဆယ်သိန်းဆု ၃၂ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု ၁၅၀ ဆု၊ ကျပ်နှစ်သိန်းဆု ၁ယ၅၀၀ ဆု၊ ကျပ်တစ်သိန်းဆု ၁၈ယဝ၀၀ ဆု၊ ကျပ် ငါးသောင်းဆု ၁၉၀ယဝ၀၀ ဆုတို့ပါဝင်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ထိုပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကို တစ်ဆုချင်း ဆုမဲ ကျပ် ၁၀ သိန်း ၄ ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း ၂၀ ဆု၊ ကျပ် ၂ သိန်း ၂၀၀ ဆု၊ ကျပ် ၁ သိန်း ၂ယဝ၀၀ ဆု စုစုပေါင်း ၂ယ၂၂၄ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း အဆိုပါသိန်းဆုဌာနခွဲ၏ စာရင်းများအရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်



  • VIA