News

POST TYPE

NEWS

မိခင်ဖြစ်သူကို ရိုက်နှက်နှိပ်စက်နေသော ပထွေးကို ၁၅ နှစ်အရွယ်သမီးက ဓားဖြင့် ခုတ်သတ်
30-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် မိခင်ဖြစ်သူအပေါ် ရိုက်နှက်နှိပ်စက်နေသည့် ပထွေးဖြစ်သူကို ၁၅ နှစ်အရွယ် မိန်းကလေးက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သည့် မိန်းကလေးမှာ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းက ၎င်း၏ နေအိမ်တွင် ရှိနေချိန် ပထွေးဖြစ်သူ ဖိုးထွေး(ခ)သက်ဆွေနှင့် ၎င်း၏ မိခင်ဖြစ်သူတို့မှာ နေအိမ်ဘေးတွင် လုံးထွေးသတ်ပုတ်နေသောကြောင့် ၎င်းက ဖိုးထွေး(ခ) သက်ဆွေ၏ လည်ပင်းနှင့် ဘယ်လက်တို့အား ထင်းခုတ်ဓားမဖြင့် ခုတ်ခဲ့သည်။
 
ဓားဖြင့်ခုတ်ခံရသူ ဖိုးထွေး(ခ) သက်ဆွေ (၄၂)နှစ်မှာ ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် လူသတ်မှုကျူးလွန်ခဲ့သည့် ၁၅ နှစ်အရွယ် မိန်းကလေးကို မှော်ဘီမြို့မ ရဲစခန်းမှ (ပ)၃၁၁၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

(S - 03)



  • VIA