News

POST TYPE

NEWS

ကရင်နီလူငယ် ၅ ဦး လွိုင်ကော်ထောင်မှ ပြန်လည်လွတ်မြောက်
13-Dec-2019


တောင်ငူ၊ဒီဇင်ဘာ ၁၃

ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးကို ကရင်နီ သစ္စာဖောက်ဟုထုတ်ပြန်ကြေညာမှုကြောင့် ထောင် (၆လ)     
 ချမှတ်ခံခဲ့ရသော ကရင်နီ လူငယ် ၅ ဦး မှာ ယနေ့နံနက်က        လွိုင်‌ကော်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ကရင်နီပြည် လူငယ်များသမဂ္ဂမှသိရှိရသည်။

ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီး တစ်ဦးကို အမျိုးသား သစ္စာ ဖောက်ကြေညာမှုဖြင့် ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏လွတ်လပ်မှုလုံခြုံမှုကို အကာကွယ်ပေးရေးဆိုင်ရာဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့ပြီး ယခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က လွိုင်ကော်တရားရုံးက ထောင် ၆ လ ကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

“နံနက် ၇ နာရီကပြန်လည်လွတ် မြောက်ခဲ့တာပါ။ပြည်နယ်အစိုးရကပြင်ဆင်ချက် တက်တာကို ရုတ်သိမ်းလိုက်ပေမဲ့ ကျွန်တော်တို့အယူခံတကထားတယ် ဟု အစောဆုံး ပြန်လည်လွတ်‌‌မြောက်ခဲ့သူ ဂူးဂူး (ခ)ခွန်ကြူးဖဲကေးက ပြောသည်။

ကရင်နီလူငယ် ခြောက်ဦးကိုထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပြီးနောက် ဒီဇင်ဘာ ၆ ရက်နေ့ က ဂူးဂူး (ခ)ခွန်ကြူးဖဲကေး စတင်လွတ်မြောက်ခဲ့ပြီး ယနေ့ နံနက် ၇နာ
ရီ ခွန်မျိုးလှိုင်ဝင်း(ခ)ပါစကွားလယ်၊ ခူးရီးဒူးရယ်၊ ခွန်သောမက်စ်၊ ပျားလေးနှင့်ဒီးဒီ(ခ)စစ်မုန်းတို့‌ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

R-15
ဓာတ်ပုံ-Kyar liphu youth