News

POST TYPE

NEWS

ဒေါင်းမျိုးဆက်သံချပ်အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) အတွက် ထောင် ၆ လ ချမှတ်
11-Dec-2019
ရန်ကုန်၊ဒီဇင်ဘာ၊၁၁

တပ်မတော်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားသော ဒေါင်းမျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်ပါ(၄)ဦးအား မရမ်းကုန်းတရားရုံးမှ ဒီဇင်ဘာ ၁၁ ရက်ရုံးချိန်းတွင် ထောင်ဒဏ် ၆ လချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ မဆုရတနာမြင့်တို့ကို စက်တင်ဘာ ၄ ရက်တွင် မရမ်းကုန်းတရားရုံး၌ စတင်ရုံးထုတ်ခဲ့ပြီး ရုံးချိန်း ၁၄ ချိန်းစစ်ဆေးပြီးချိန် ဒီဇင်ဘာ ၁၁ရက်တွင်ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 
အောက်တိုဘာ ၃၀ ရက်လည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းတို့ကို ပုဒ်မ ၅၀၅ (က)အတွက် အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရေတပ်မှ ဒုတိယဗိုလ်မှုးကြီး မျိုးမင်းဦးမှ ဗိုလ်တစ်ထောင်တရားရုံးတွင် တရားလိုပြုလုပ်၍ တရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က)ကိုမူ မေလ ၁၇ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်၊ ကိုငြိမ်းချမ်းစိုး၊ မဆုတနာမြင့်၊ မကေခိုင်ထွန်းတို့ကို အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး ရက်ချုပ်များကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့ကာ ကိုချစ်ယုံကိုမူတရားသေ လွှတ်ပေးခဲ့သည်။

မရမ်းကုန်းတရားရုံးတွင် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို စစ်ဆေးခဲ့ရာ ရုံးချိန်းပေါင်း ၁၂ ချိန်း ချိန်းဆိုကာ တရားလိုအပါအဝင် သက်သေ ၇ ဦးကို စစ်ဆေးခဲ့ပြီး သံချပ်အဖွဲ့ဝင်များအနေဖြင့် တပ်မတော်ကိုစော်ကားလိုသည့် ဆန္ဒမရှိဟုထွက်ဆိုခဲ့သော်လည်း ၎င်းတို့ သုံးနှုန်းခဲ့သော ခွေးခေါင်းနှင့်စစ်ဝတ်စုံဝတ်ထားသည့်ပုံ၊ ဦးပိုင်၊ ၂၅% စသည်တို့သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားနေသဖြငိ့တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှုးကြီး သန်းထွန်းမြင့်က ပြောသည်။ ‘သူတို့ကို ရဲစခန်းမှာ စတငိစစ်ဆေးစဉ်ကတည်းက သူတို့ကျူးလွန်ကြောင်း ဝန်ခံပြီးသားပါ။’ ဟု ၎င်းကဆိုသည်။

ဗိုလ်တစ်ထောင်တရားရုံးတွင် ဒုတိယဗိုလ်မှုးကြီးမျိုးမင်းဦး တရားစွဲထားသော ပုဒ်မ ၆၆(ဃ)အတွက်မူ နိုဝင်ဘာ ၅ ရက်တွင် ကိုဇေယျာလွင်ပါ ၇ ဦးအား စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ်စစ်ဆေးသွားမည်ကြောင်း တရားလွှတ်တော်ရှေနေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ယခုကဲ့သို့ ကျောင်းသားများကို အငြိုးအတေးဖြင့် ပုဒ်မ နှစ်ခုကို မြိုနယ်ပေါင်းများစွာ၌ တရားစွဲဆိုကာ ထောင်ဒဏ်များ ဆက်တိုက်ချနေခြင်းနှင့် ပါတ်သတ်၍ တရားရေးမဏ္ဍိုင်၏ လွဲမှားနေမှုများကို မှန်ကန်သောနည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့စာပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့မှ မနီလာသိန်းက ပြောဆိုထားသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် လက်ရှိအခြေအနေတွင် ရန်ကုန်ရှိ တရားစွဲဆိုထားသောအမှုများမှာ ဗိုလ်တစ်ထောင်မြိုနယ်တွင် စွဲဆိုထားသော ပုဒ်မ ၆၆(ဃ)အမှုသာကျန်တော့မည်ဖြစ်ပြီး ရန်ကုန်အမှုများပြီးပြတ်ပါက ဧရာဝတီတိုင်းရှိ ဒေးဒရဲ၊ ဖျာပုံ၊ မအူပင်တို့တွင် တရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က)နှင့် ပုသိမ်တွင် တရားစွဲဆိုထားသောပုဒ်မ ၆၆(ဃ)ကိုထပ်မံ ရင်ဆိုင်ရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေနေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

အေးချမ်းသူ

  • VIA