News

POST TYPE

NEWS

သန်လျင်တံတားစီမံကိန်းအနီးတွင် ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်
22-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင် မြို့နယ် MOGE ဆိပ်ကမ်းနှင့် PT Power ဆိပ်ကမ်းကြားရှိ သန်လျင် တံတားစီမံကိန်းအနီးတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီခန့်က ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နစ်မြုပ်ခဲ့သော ငါးဖမ်းစက်လှေမှာ ငါးပိုက်ချနေစဉ် သန်လျင်တံတား စီမံကိန်းတွင် ပိုက်ရိုက်ရန် သံမဏိပစ္စည်းများ တင်ဆောင်လာသော ဘတ်တွဲကို တွန်းယူလာသည့် တွန်းရေယာဉ်နှစ်စင်းကို တိမ်းရှောင်စဉ် စက်လှေမှာ စက်နှိုးမရသဖြင့် ဘတ်တွဲအောက် ရောက်ရှိရာမှ နစ်မြုပ်ခဲ့သည်။

ဘတ်တွဲအောက်သို့ ရောက်ရှိသွားသည့် ငါးဖမ်းစက်လှေပေါ်မှ အမျိုးသားနှစ်ဦးကို ဝိုင်းဝန်းကယ်ဆယ်ခဲ့ရာ ဦးမြင့်လွင် (၅၃) နှစ်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ဦးသိန်းသန်း (၄၀) နှစ်မှာ ပျောက်ဆုံးခဲ့သောကြောင့် ဆိပ်ကမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03