News

POST TYPE

NEWS

အရက်မူးနေသာ ဖခင်က ၁၁ နှစ်အရွယ် သမီးကို ဓားဖြင့်ထိုး
17-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ၊ ၁၇

အရက်မူး၍ဖခင်ဖြစ်သူမှ အသက် ၁၁နှစ်အရွယ် သမီးကို ဓားဖြင့်ထိုးသောကြောင့် ဆေးကုသမှုခံခဲ့ရသည့်အမှု ဒိုက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒိုက်ဦးမြို့နယ် ၊ ဗမာကျွန်းကျေးရွာတွင် နိုဝင်ဘာလ ၁၆ ရက်က ကိုကျော်သူဆိုသူသည် အရက်သေစာသောက်စားပြီးအမူးလွန်ကာ သမီးဖြစ်သူ မခိုင်သဇင်ဦး (၁၁)နှစ် အား အရိုးအသွား ၁၀ လက်မခန့်ရှိ စတီးဓားနှင့် အရိုးအသွား ၉ လက်မခန့်ရှိ စတီးကတ်ကြေးတို့ဖြင့် ထိုးစိုက်။ လှီးဖြတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တိုင်ကြား၍ ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသို့ ဖခင်ဖြစ်သူမှ ဓား၊ စတီးကတ်ကြေးတို့ဖြင့် ထိုးစိုက်။ လှီးဖြတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် မခိုင်သဇင်ဦးမှာ ဝဲနားရွက် ပြတ်ရှဒဏ်ရာ၊ ယာနားရွက်ပြတ်၊ ယာဘက်လက်ခုံ စူးဝင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒိုက်ဦးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပါတ်သတ်၍ ဗမာကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ တိုင်တန်းခဲ့သောကြောင့် ဒိုက်ဦးမြို့မရဲစခန်းမှ ကျော်သူ (၃၅)နှစ်အား ဖမ်းဆီး၍ (ပ)၇၃၉ / ၂၀၁၉၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃(က)ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အေးချမ်းသူ