News

POST TYPE

NEWS

မဟာမုနိဘုရားတွင် ပန်းမွေ့ရာ လှူဒါန်းပူဇော်
17-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၁၇

Strategy First University က ၎င်းတို့ လှူဒါန်းလေ့ရှိသည့် ပန်းစေတီနှင့် ပန်းတို့ဖြင့်ပုံဖော်ထားသည့် သာသနာ့အလံတို့ကို မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ကပ်လှူပူဇော်သည်။

ရန်ကုန်မြို့တွင် အခြေစိုက်သည့် Strategy First University မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့် အလှူရှင်များ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်ရှိ ရွှေတိဂုံစေတီတွင် ပထမအကြိမ်၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတွင် ဒုတိယအကြိမ်တို့ ကျင်းပခဲ့ဖူးပြီး ဖြစ်သည်။

"ပထမဆုံးအကြိမ်ကတော့ တက္ကသိုလ်အနေနဲ့ စတင်ရရှိတဲ့ အထိမ်းအမှတ်လုပ်ဖို့ လုပ်ကြရာကနေ လုပ်ဖြစ်တယ်။ နောက်ကျတော့ ပန်းကလေးများအဖွဲ့ဆိုတာလည်း ဖွဲ့ထားတော့ သူတို့အဖွဲ့ကနေဦးစီးပြီး ဘုရားမှာပန်းလှူတာပေါ့။ အဓိကရည်ရွယ်ချက်က ပန်းလှူ၊ ဆီမီးလှူတာပါပဲ" ဟု ယင်းတက္ကသိုလ်တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးအောင်ချစ်ခင်က ရှင်းပြသည်။

ရှေ့နှစ်ကြိမ်တွင် ပူဇော်ခဲ့သည်ထက် ယခုအကြိမ်က ရရှိသည့်နေရာအကျယ်အဝန်းအရလည်းကောင်း၊ ကျောင်းသား ကျောင်းသူများ၏ လှူဒါန်းမှုများပြားမှုအရလည်းကောင်း ပန်းအများဆုံးနှင့် ခင်းကျင်းမှုအကြီးဆုံးလည်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။