News

POST TYPE

NEWS

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု တိုးတက်သကဲ့သို့ အခက်အခဲများရှိ
17-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်သော်လည်း အခက်အခဲများလည်းများလာကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောကြားသည်။

ဟိုတယ်မန္တလေးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ကပြုလုပ်သော တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ၌ ဦးသိန်းထွန်းဦးက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ယင်းသို့ အခက်အခဲဖြစ်ပေါ်လာသည့်အခါတွင် နှစ်နိုင်ငံအောက်ခြေဌာနချင်းအဆင့်မှ နိုင်ငံတော်အဆင့် ဖြေရှင်းရသည်များရှိကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲ သင်တန်းတွင် သင်တန်းသားများအနေနှင့်လည်း သင်တန်းပို့ချသူ တရုတ်နိုင်ငံအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်နိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာဆွေးနွေးကြရန် ပြောကြားလိုကြောင်း ၎င်းက ပြောဆိုသည်။

တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်းကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သင်တန်းစီစဉ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်တန်းတွင် နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်သည့် ပြဿနာများ၊ နည်းလမ်းများကို မည်သို့ဖြေရှင်းရမည်ဆိုသည်ကို ပို့ချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောကြားသည်။

M-01

ဓာတ်ပုံ-မောင်ရဲနွေ