News

POST TYPE

NEWS

ကြက်သွန်ဥနီဈေး ရက်ပိုင်းအတွင်း တစ်ထောင်ကျော် မြင့်တက်
16-Nov-2019


ပုသိမ်၊ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကြက်သွန်ဥနီ ရောင်းဝယ်ဈေးနှုန်းမှာ ပြီးခဲ့သော နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်၍ တစ်ပိသာ ၂၅၀၀ ကျပ်ဈေးနှုန်း ရှိနေရာမှ နိုဝင်ဘာ ၁၆ ရက် နေ့တွင် တစ်ပိသာ ၃၅၀၀ ကျပ်အထိ တစ်ဟုန်ထိုး မြင့်တက် လာကြောင်း ပုသိမ်မြို့ ၊ ကြက်သွန်ဥနီ ရောင်းဝယ်သူများထံက သိရသည်။

ယခုနှစ်တွင် အိန္ဒိယနိုင်ငံ မှ ဘင်္ဂလားဒေ့နိုင်ငံသို့ ကြက်သွန်ဥ နီ တင်ပို့မှု မရှိတော့သဖြင့် ရခိုင်ဒေသမှ ကုန်သည်များ မြန်မာကြက်သွန်ဥနီ ကို ဘင်္ဂလားဒေ့နိုင်ငံသို့ တင်ပို့မှု များပြားခြင်း၊ ရာသီချိန်အမီ ပြည်တွင်း ကြက်သွန်နီထွက်နှုန်း မကောင်းသေးခြင်း ၊လက်ကျန်ကုန် နည်းပါးတို့ကြောင့် ရုတ်တရက် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း ပုသိမ်မြို့ ကုန်စည်ဒိုင်များမှ သိရသည်။

“အမြင့်ဆုံးဈေး တက်ဖြစ်တာပါပဲ ကြက်သွန်ပျိုးခင်း အချို့ မိုးမိပြီးပျက်ခဲ့တယ်။ ကြက်သွန်ကခုမှ ပြန်ပျိုးထားတုန်းဆိုတော့ ဈေးထပ်တက်ဦးမယ် ခန့်မှန်းတယ်၊ ပြည်တွင်း ပြည်ပ ဝယ်လိုအားကိုဖြည့်ဖို့ လိုနေရင် ဈေးတက်ဦးမှာပဲ၊ ပြည်ပဝယ်လိုအားနဲသွားရင် ကြက်သွန်ဥနီတွေ လှိုင်ထွက်လာရင် ဈေးပြန်ကျမှာပါ”ဟု ကြက်သွန်ကုန်သည် ဦးတင်သိန်းက သုံးသပ်သည်။
 “ကြက်သွန်ဥကို ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးထုတ်လုပ် မှုမရှိကြောင်း၊ ပခုက္ကူ ၊ မြစ်သာ ၊ ကဲ့သို့ အထက်မြန်မာ ဒေသကုန်စည်ဒိုင်များနှင့် ရန်ကုန်မြိုဘုရင်နောင်ပွဲရုံ ကုန်စည်ဒိုင်များမှတစ်ဆင့် သယ်ယူရောင်းချ ခြင်းဖြစ်ကြောင်း ပုသိမ်မြို့ ကုန်စည်ဒိုင်များမှ သိရသည်။

ဟင်းချက်ရင် ကြက်သွန်နီပါမှ အဆင်ပြေတယ်၊ ဟိုတယ်လို စားသောက်ဆိုင်ကြီးတွေနဲ့ ငွေတတ်နိုင်သူက လက်လီဈေး တစ်ပိသာ ၃၅၀၀ ကျပ်တန် ဥကြီးကို ဝယ်သုံးကြပေမဲ့ သာမာန်သူတွေကတော့ မရွေးပဲ ဆိုင်ရှင်က ချိန်ပေးတာကို ယူရတဲ့ ကျုံးချိန် ဥအသေး အခွံကျွတ် တစ်ပိသာ ၁၅၀၀ ကျပ်ဈေးကနေ တစ်ပိသာ ၂၅၀၀ ကျပ် ဖြစ်လာတဲ့ အစားကို ဝယ်သုံးကြတယ်”ဟု အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ဌေးဌေးက ဆိုသည်။

မောင်မျိုးထက်(ပုသိမ်) (R - 12)