News

POST TYPE

NEWS

အီရန်တွင် ဓာတ်ဆီဈေးတက်သွားပြီး ခွဲတမ်းသတ်မှတ်ရောင်း၍ ကန့်ကွက်ဆန္ဒပြမှုများဖြစ်
16-Nov-2019


တီဟီရန်၊ အောက်တိုဘာ ၁၆

အီရန်အစိုးရက ရှောင်တခင်ကြေညာလိုက်သော ဓာတ်ဆီဈေးနူန်းမြှင့်ခြင်းနှင့် ခွဲတမ်းဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကြောင့် အီရန်နိုင်ငံတလွှား ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

အီရန်ရှိ လောင်စာဆီဈေးနူန်းသည် အနည်းဆုံး ၅၀ ရာခိုင်နူန်းအထိ မြင့်တက်သွားခဲ့သည်။

အီရန်နှင့် ကမ္ဘာ့ပါဝါနိုင်ငံများအကြား သဘောတူညီထားသော နျူကလီးယား သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်သွားခဲ့ပြီးနောက် အဆိုပါ ပင်လယ်ကွေ့နိုင်ငံကို ရေနံတင်ပို့မှုအား ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားခဲ့သည်။

အီရန်နိုင်ငံ အလယ်ပိုင်း ဆီရာဂျန်ဒေသတွင် ဆန္ဒပြပွဲများ ပြင်းထန်ခဲ့ပြီး လူအုပ်ကြီးက လောင်စာဆီသိုလှောင်ရာ ဂိုထောင်ကို မီးရှို့ရန်အထိ တိုက်ခိုက်ခဲ့ကြောင်း အစိုးရသတင်းဌာန IRNA က ဖော်ပြထားသည်။

ဆန္ဒပြလူအုပ်ကို လူစုခွဲရန်အတွက် ရဲတပ်ဖွဲ့က အင်အားသုံးခဲ့သည်ဟု သတင်းများက ဆိုသည်။

အခြားမြို့ကြီး ၉ မြို့ခန့်တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့သည်ဟု အစိုးရမီဒီယာက ဖော်ပြထားသည်။

အီရန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မက်ရှ်ဟက်တွင် ဒေါသထွက်နေသော ဆန္ဒပြကန့်ကွက်သူ လူဒါဇင်ပေါင်းများစွာသည် ယာဉ်ကြောအတွင်း ၎င်းတို့ ကားများကို ထားခဲ့ကာ လမ်းပိတ်ဆန္ဒပြနေကြသည်ဟု AP သတင်းက ဖော်ပြထားသည်။

စီမံချက် အသစ်အရ ယာဉ်ပိုင်ရှင်တစ်ဦးသည် တစ်လလျှင် ဓာတ်ဆီ ၆၀ လီတာ (၁၃ ဂါလံ) ဝယ်ခွင့်ပြုမည်ဖြစ်ပြီး တစ်လီတာလျှင် အီရန်ငွေ ၁၅၀၀၀ ရီယယ် ကျသင့်မည်ဖြစ်ကာ ပိုဝယ်တိုင်း တစ်လီတာလျှင် တစ်လီတာလျှင် ၃၀၀၀၀ ကျသင့်မည် ဖြစ်သည်။

ယခင်က ယာဉ်မောင်းများသည် တစ်လလျှင် လီတာ ၂၅၀ ဝယ်ခွင့်ရှိခဲ့ပြီး တစ်လီတာလျှင် ရီယယ်တစ်သောင်း ကျသင့်သည်။

လောင်စာဆီကဏ္ဍတွင် ချွေတာခြင်းဖြင့် ပိုထွက်လာသော ငွေများကို ဝင်ငွေနည်းမိသားစုများသို့ ထောက်ပံ့ရန် ဆောင်ရွက်မည်ဟု အီရန်အစိုးရက ဆိုထားသည်။ 

F-02


  • VIA