News

POST TYPE

NEWS

AA ခေါင်းဆောင်၏ ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူကို ရုံးထုတ်
15-Nov-2019


ရန်ကုန်၊ နိုဝင်ဘာ ၁၅

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံရသော AA လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်တို့ကို ယနေ့ နံနက်က မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)၊ (ခ)၊ (ဂ) ဖြင့် အမှုဖွင့်ခဲ့သော်လည်း တရားရုံးကမူ ပုဒ်မ ၅၂ (က) ဖြင့်သာ လက်ခံစစ်ဆေးမည်ဟု တရားရုံးပြန်ကြားရေးအရာရှိ ဦးမိုးနိုင်က ပြောသည်။

ထွန်းမြတ်နိုင်၏ ညီမဖြစ်သောကြောင့် ဖမ်းဆီးခြင်းမှာ တရားမျှတမှုမရှိဘဲ ခင်ပွန်းဖြစ်သူမှာ ကျန်းမာရေးမကောင်းသဖြင့် တစ်စုံတစ်ခုဖြစ်ပါက မည့်သည့်အဖွဲ့အစည်းက တာဝန်ယူပေးမည်ကို သိလိုကြောင်း မမိုးနှင်းဖြူ (ခ) ယမင်းမြတ်က တရားရုံးမှအထွက်တွင် ပြောသည်။

“ပြည်နှင်ဒဏ်ပေးခံရတဲ့သူတွေ မဟုတ်ဘူး ထွန်းမြတ်နိုင်နဲ့ အမျိုးတော်တာနဲ့ ဖမ်းလို့ရလား” ဟု ၎င်းက မေးခွန်းထုတ်လိုက်သည်။

အဆိုပါအမှုကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်။

အေးချမ်းသူ