POST TYPE
NEWS
သူခိုးကြီးည မဲဇလီဖူးတက်ခူးသူ ဓာတ်လိုက်သေဆုံး
14-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၃
အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက် ရပ်ကွက်၊ ငါးလုပ်ငန်းဦးစီးဝင်းတွင် နိုဝင်ဘာ ၁၂ ရက် သူခိုးကြီးညက မဲဇလီဖူး တက်ခူးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်လိုက်သေဆုံးသူ အသက် ၂၁ နှစ် အမျိုးသားမှာ ငါးအအေးခန်းမှ အလုပ်သမားဖြစ်ပြီး စက်ရုံအလုပ်သမားနှစ်ဦးနှင့်အတူ ငါးလုပ်ငန်းဦးစီးဝင်း လမ်းဘေးရှိ မဲဇလီပင်ပေါ်တက်၍ မဲဇလီဖူး တက်ခူးစဉ် လမ်းဘေးတွင် သွယ်တန်းထားသော ဗို့အား ၆၆၀၀ ရှိ လျှပ်စစ်မီးကြိုးနှင့် ထိမိရာမှ ဓာတ်လိုက်သေဆုံးခဲ့သည်။
သေဆုံးသူ၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံက ပီအာရ် ၂၄ ဖြင့် လက်ခံ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် သေမှုသေခင်း အမှတ်စဉ် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
S-03
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021