POST TYPE
NEWS
အီတလီယဉ်ကျေးမှုမြို့တော် ဗင်းနစ် ရေကြီးရေလျှံ
13-Nov-2019

ဗင်းနစ်၊ နိုဝင်ဘာ ၁၃
ရှေးဟောင်း အဆောက်အဦတွေပေါကြွယ်ဝပြီး ရေပေါ်မှာတည်ထားတဲ့ မြို့ဖြစ်တာကြောင့် နာမည်ကျော်ကြားတဲ့ ဗင်းနစ်ဟာ ယခုအခါမှာ ရေအောက်ကို နေရာအနှံ့ရောက်နေကြောင်း သတင်းများက ဖော်ပြထားသည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး ဒီရေတက်ခဲ့ပြီးနောက် အီတလီမြို့ ဗင်းနစ်၏ နေရာအတော်များများ ရေလွှမ်းမိုးခဲ့ခြင်း ဖြစ်သည်။
ဒီရေစောင့်ကြည့်ရေး စင်တာ၏ ထုတ်ပြန်ချက်အရ ရေသည် ခြောက်ပေလောက်ထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
၁၉၆၆ ခုနှစ် ဗင်းနစ်ရေကြီးစဉ်က ထိုထက်ပိုမိုမြင့်မားစွာ ဒီရေ တက်ခဲ့သည်။ ဗင်းနစ်မြို့သည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် စင်အမြင့်များပေါ်၌ တည်ထားသော မြို့ဖြစ်ပြီး သာမန်အားဖြင့် လမ်းသွယ် ရေနုတ်မြောင်းများထဲမှ ပင်လယ်ရေများက မြို့ပေါ်တက်လာခြင်း မရှိပေ။
ဗင်းနစ်မြို့မှ နာမည်ကျော် ဘုရားကျောင်းများ၊ ပြတိုက်များ၊ ဈေးတန်းများတွင် ရေများပြည့်နေသည့် သတင်းဓာတ်ပုံများ တက်လျက်ရှိသည်။
စီးပွားရေးလုပ်ငန်းများကို ထိခိုက်ခဲ့သည်။ ခုံများ၊ စားပွဲများသည် စားသောက်ဆိုင်များ၊ ကဖေးဆိုင်များရှေ့တွင် မျောနေလျက်ရှိသည်။
အမှတ်တရ ဆိုင်များတွင်လည်း အလုပ်သမားများက ဆိုင်တွင်ရောင်းသည့် ပစ္စည်းများ ပျက်စီးခြင်းမရှိစေရန် နေရာရွှေ့ပြောင်းခြင်းများ အသည်းအသန်ပြုလုပ်နေကြရသည်။
ဗင်းနစ်မြို့၏ အနိမ့်ဆုံးနေရာဖြစ်သော စိန့်မာ့ခ်ရင်ပြင်သည် ရေဘေးသင့်ခြင်းကို အဆိုးဝါးဆုံး ထိခိုက်ရာနေရာဖြစ်ခဲ့သည်။
ဗင်းနစ်မြို့တော်ဝန် လူဂီဘရက်နာရို က မြို့တော်ကို အရေးပေါ်အခြေအနေ သတ်မှတ်ထားပြီး ရေဘေးကြောင့် မြို့၏ အနုပညာလက်ရာများတွင် အမှတ်အသားများ ဖြစ်ကျန်ခဲ့မည်ကို သတိပြုရန် ပြောကြားခဲ့သည်။
“အခြေအနေက သိသိသာသာ ဆိုးဝါးပါတယ်။ ကုန်ကျစရိတ်မြင့်ပါလိမ့်မယ်။ အစိုးရကို အကူအညီတောင်းထားပါတယ်။ ဒါဟာ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်တာပါ” ဟု ဗင်းနစ်မြို့တော်ဝန်က Twitter တွင် ရေးသားထားသည်။
F-02
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
01-Dec-2019