News

POST TYPE

NEWS

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA မှ ဖမ်းဆီးခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း အရေးကြီးအဆို လွှတ်တော်တင်
13-Nov-2019
နေပြည်တော်၊ နိုဝင်ဘာ ၁၃

ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA လက်နက်ကိုင်အဖွဲ့မှ အကြမ်းဖက်ဖမ်းဆီးထားခြင်းကို ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ချုံ့ချကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည်။

ယင်းအဆိုကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးက တင်သွင်းခြင်း ဖြစ်ပြီး ယနေ့ နေ့လည်ပိုင်းတွင် အဆိုကို လက်ခံဆွေးနွေးသင့် မသင့် ဆုံးဖြတ်မည် ဖြစ်သည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေမှုအပြင် ပြည်သူ၏ ဆန္ဒကို တိုက်ရိုက် ဆန့်ကျင်နေကြောင်းနှင့် ဦးဝှေ့တင်းအပါအဝင် ဝန်ထမ်းများ ပြည်သူများကို ဖမ်းဆီးထားခြင်းကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည် လွှတ်ပေးရန်လည်း အဆိုတွင်ပါရှိသည်။

ယင်းအဆိုသည် လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် လက်ခံသင့်သည်ဟု ယူဆသောကြောင့် တင်ပြခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ဆိုသည်။