News

POST TYPE

NEWS

ဘိုလီးဗီးယားသမ္မတ မက္ကဆီကိုတွင် နိုင်ငံရေးခိုလှုခွင့်ယူမည်
12-Nov-2019


ဆူကရီ၊ နိုဝင်ဘာ ၁၂

လူထုဆန္ဒပြပွဲများ ဖြစ်ပြီးနောက် ဘိုလီးဗီးယားသမ္မတ နုတ်ထွက်သွားပီးနောက်တွင် မက္ကဆီကိုနိုင်ငံက သမ္မတအီဗိုမိုရာလိစ်ကို နိုင်ငံရေးခံယူခွင့် ကမ်းလှမ်းချက်ခဲ့ပြီးနောက် ၎င်းက လက်ခံခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

ဘိုလီးဗီးယားကို စွန့်ခွာရန် ခက်ခဲပါကြောင်း၊ အားပြည့် အင်ပြည့်ဖြင့် ပြန်လာမည်ဖြစ်ကြောင်း ဘိုလီးဗီးယားသမ္မတက twitter တွင် ရေးသားဖော်ပြထားသည်။

မိုရာလက်စ်သည် မက္ကဆီကိုအစိုးရလေယာဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လိုအက်ရက်က ပြောကြားသည်။

မိုရာလက်စ်ကို ထောက်ခံသော လူအုပ်နှင့် ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို ဘိုလီးဗီးယား စစ်တပ်တပ်မှူးက နောက်ပြန်ဆုတ်ရန် အမိန့်ပေးထားသည်။

ဘိုလီးဗီးယားတွင် လတ်တလော ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် လူ ၂၀ ခန့်ဒဏ်ရာ ရရှိထားသည်။

သမ္မတနုတ်ထွက်ရလောက်အောင်ကို ဖိအားပေးခဲ့သော အမှောင်စွမ်းအားများကို တွန်းလှန်ကြရန်အတွက် မစ္စတာမိုရာလက်စ်က ထောက်ခံသူများကို တိုက်တွန်းခဲ့သည်။

ရွေးကောက်ပွဲအသစ် မကျင်းပခင် စပ်ကြား ကြားဖြတ်သမ္မတအဖြစ် ဆီးနိတ်လွှတ်တော် ဒုတိယဥက္ကဌက တာဝန်ယူထားမည် ဖြစ်သည်။

ယခင်က ကိုကာ လယ်သမားတစ်ဦးဖြစ်ခဲ့သော မစ္စတာမိုရာလက်စ်သည် ၂၀၀၆ ခုနှစ်က ပထမဆုံး ရွေးကောက်တင်မြှောက်ခံရသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စီးပွားရေးတိုးတက်စေမှုတို့ဖြင့် နာမည်ရခဲ့သော်လည်း အခြေခံဥပဒေသမ္မတသက်တမ်းကို ကျော်လွန်မှုဖြင့် လူဝေဖန်မှုများ ခံနေရသည်။

မက္ကဆီကိုသည် လက်ဝဲယိမ်းသော အစိုးရအုပ်ချုပ်နေပြီး ဘိုလီးဗီးယားသမ္မတ မိုရာလက်စ်ကို ထောက်ခံလျက်ရှိသည်။

F-02