News

POST TYPE

NEWS

လက်ရှိဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသန်း ၄၀၀ ကျော်တိုးတက်
11-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ပိုမိုတိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယခင်ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းနီးပါး၊ စုစုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကျော်သာ ရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ် အလားတူကာလအတွင်းတွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ၊ သွင်းကုန်ပမာဏမှာ ၁ ဒသမ ၆ ဘီလီယံကျော်ဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းနီးပါး ရောက်ရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကာလတူအတွင်း ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာသန်း ၃၅၀ ကျော် သွင်းကုန်ပမာဏရှိသည့်အတွက် အမေရိကန်ဒေါ်လာသန်း ၆၀ နီးပါး တိုးတက်ခဲ့သည့်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၂၀ နီးပါး ပိုမိုတိုးတက်ခဲ့ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလ ၁ ရက်နေ့အထိ နယ်ကုန်သွယ်ရေးမှ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်နှင့် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်း၂၇၀ နီးပါး ရှိခဲ့ပြီး ပင်လယ်ကြောင်းကုန်သွယ်မှုရှိ ပို့ကုန်ပမာဏတွင် အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော် နှင့် သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

စုစုပေါင်းကုန်သွယ်မှုတိုးတက်ခဲ့သော်လည်း ပင်လယ်ရေကြောင်းမှ သွင်းကုန်တင်သွင်းမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၁ သန်းကျော် ကျဆင်းခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်