POST TYPE
NEWS
ဟောင်ကောင်တွင် ဆန္ဒပြသူတစ်ဦးကို ရဲက သေနတ်နဲ့ပစ်
11-Nov-2019

ဟောင်ကောင်၊ နိုဝင်ဘာ ၁၁
ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ အကြမ်းပတမ်း ဆန္ဒပြမှုတွေဖြစ်နေတဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်လိုက်ကြောင်း သတင်းမှတ်တမ်းတွေက ဖော်ပြထားသည်။
လမ်းဘေးတစ်နေရာမှာ အမျိုးသားတစ်ဦးနဲ့ ထိပ်တိုက်ရင်ဆိုင်စဉ် ရဲတပ်ဖွဲ့ဝင်က သေနတ်ထုတ်ပြီး ပစ်ခတ်လိုက်သည့်ပုံကို facebook ပေါ်မှာ လွှင့်သော ဗီဒီယိုမှာ ပါဝင်လာခဲ့သည်။
မျက်နှာဖုံးဝတ်ထားတဲ့ အမျိုးသားတစ်ဦးက ရဲအရာရှိနားကို တိုးဝင်လာစဉ်မှာ ရဲက သေနတ်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
သေနတ်နဲ့ပစ်လိုက်ခြင်းကြောင့် အမျိုးသား၏ ခန္တာကိုယ်ကို ကျည်ဆန်မှန်သွားခဲ့သည်ကို သတင်းဗီဒီယိုများတွင် တွေ့ရသည်။
ထိပ်တိုက်ရင်ဆုံးလုံးမှု ဆက်ဖြစ်နေပြီး ရဲအရာရှိက နောက်ထပ် နှစ်ချက် ပစ်ခဲ့ပြီး အဆိုပါ ကျည်က တစ်ဦးဦးကို ထိမထိ သေသေချာချာ အတည်မပြုနိုင်သေးပေ။
ဟောင်ကောင် နေရာအတော်များများတွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက် တွေ့မှုများ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က မီးခိုးဗုံး၊ ရာဘာကျည်များ အသုံးပြုကာ လူစုခွဲမှုများ ဆောင်ရွက်နေသည်။
ရဲက အနီးကပ် သေနတ်ဖြင့် ပစ်လိုက်ပြီးနောက် ဆန္ဒပြသူလူငယ် ပက်လက်လန်လဲသွားသည့် ဗီဒီယိုကို လူအများ ကြည့်ရှုမျှဝေလျက်ရှိသည်။
အဆိုပါ ဒဏ်ရာရသွားသူကို ခွဲစိတ်ကုသနေပြီး အရေးပေါ်အခြေအနေ ကြုံနေရကြောင်း ဆေးရုံ အာဏာပိုင်များက BBC ကို ပြောကြားသည်။
ဒဏ်ရာရရှိသူ ထပ်ရှိမရှိကိုမူ မသိပါကြောင်း ဆေးရုံက ကြေညာထားသည်။ သေနတ်ကို ပစ်ချင်သလို ပစ်နိုင်ကြောင်း ခွင့်ပြုထားသည်ဟု သတင်းထွက်ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ငြင်းဆန်ထားသည်။
ဟောင်ကောင် ဆန္ဒပြပွဲများ ဇွန်လတွင် ဖြစ်ခဲ့ကတည်းက ရဲ၏ ကျည်အစစ်ဖြင့် ပစ်ခတ်မှုများရှိခဲ့ရာ ယခုတစ်ကြိမ်သည် သုံးကြိမ်မြောက် သေနတ်မှန်မှု ဖြစ်သည်။
F-02
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
01-Dec-2019